မြွေကြီးကို Mask အဖြစ် အသုံးပြုပြီး လိုင်းကားစီးခဲ့တဲ့ ထူးထူးဆန်းဆန်း အမျိုးသား (ရုပ်သံ)

မြွေကြီးကို Mask အဖြစ် အသုံးပြုပြီး လိုင်းကားစီးခဲ့တဲ့ ထူးထူးဆန်းဆန်း အမျိုးသား (ရုပ်သံ)

လက်ရှိ ကပ်ရောဂါဆိုးကာလကြီးမှာ ကမ္ဘာနဲ့တလွှားက လူတွေဟာ အမျိုးမျိုးသော ပုံစံနဲ့ Mask တွေကို တပ်နေကြတာပါ ။ အချို.သော Mask တွေက ဆန်းဆန်းပြားပြားတွေပါ ၊ အဲ့ဒီထဲကမှ ဒီအမျိုးသားရဲ. Mask က အထူးဆန်းဆုံးဖြစ်မယ်ထင်ပါတယ် ။

မန်ချက်စတာမြို.မှာ အမျိုးသားတစ်ဦးဟာ သူ့ရဲ. လည်ပင်းမှာ မြွေကြီးတစ်ကောင်ကို ရစ်ပတ်ပြီး လိုင်းကားစီးနေတာကို လူအတော်များများတွေ့ခဲ့ကြပါတယ်။ ဖြစ်နိုင်ပါ့မလားလို့ အမေးမစောပဲ ပုံတွေနဲ. ဗီဒီယိုတွေကိုသာ ကြည့်လိုက်ပါတော့။

သီတင်းတစ်ပုဒ်ရဲ. အဆိုအရ ဒီအမျိုးသားဟာ မန်ချက်စတာမြို.လည်ခေါင်ကို လိုင်းကားစီးပြီး သွးခဲ့တာပါ။ ဒါကို လိုင်းကား အတူစီးသူတွေက သတိပြုမိကြပြီး ၊ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့အနားကို မကပ်ရဲကြပဲ ခပ်ခွာခွာကပဲ စီးနင်းခဲ့တာမို့ သူ့ရဲ. မြွေ မျက်နှာဖုံး (Mask) က အတော်အလုပ်ဖြစ်တယ် ဆိုရမှာပါ ။

အမည်မဖော်လိုတဲ့ ကားပေါ်မှာလိုက်ပါလာသူ အခြားခရီးသည်တစ်ဦးက သူ့ရဲ. အတွေ့အကြုံကို ဒီလိုပြောပြပါတယ်။ အစကတော့ အရုပ်မြွေကြီးလို့ထင်ပေမယ့် လည်ပင်းကနေ လက်ကိုတွယ်ပတ်တက်တာမြင်မှ အစစ်ဖြစ်ကြောင်း သိရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဆိုပါတယ်။ လူတွေက ဓါတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ကူးပြီး လူမှုကွန်ရက်တွေမှာ တင်ကြရာကနေ ဒီပုံတွေ ဗီဒီယိုတွေဟာ လူကြားမှာ အတော်လေး အပြောများသွားခဲ့ပါတယ်။

သင်ဆိုရင်ရော အခုလို Mask မျိုး တပ်ပြီး လျှောက်သွားရဲမှာလား ?

ZawGyi







Be the first to comment

Leave a Reply

Your email address will not be published.


*