
အိမ်ထောင်ရေးတစ်ခုကို အဆုံးသတ်တော့မယ်ဆိုတာ လင်မယားတိုင်းအတွက် မလွယ်ကူပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံ စီချွန်စီရင်စု ပြည်နယ်သားတွေအတွက်တော့ ပိုပြီးခက်ခဲနေပါတယ်။ ဘာလို့လဲဆိုတော့ ဒီဒေသမှာရှိတဲ့ Yibin တရားရုံးကို ကွာရှင်းဖို့ လာရောက်ကြတဲ့ လင်မယားတွေက ကွာရှင်းမှု အထမြောက်ဖို့အတွက် လင်ရော မယားပါ စာမေးပွဲဖြေဆိုရပြီး စာမေးပွဲကျမှသာ ကွာရှင်းဖို့ကို အတည်ပြုပေးတာပဲဖြစ်ပါတယ်။
ဒီလို စာမေးပွဲဖြေဆိုခိုင်းတဲ့စနစ်ကို Yibin တရားရုံးက တရားသူကြီး WangShiyu ဖန်တီးခဲ့တာဖြစ်ပြီး ရုံးတော်မှာ ကွာရှင်းခွင့် တောင်းဆိုမှု များပြားနေခြင်းကို လျှော့ချချင်တဲ့ ရည်ရွှယ်ချက်ပဲဖြစ်ပါတယ်။ စာမေးပွဲကို လင်ရော မယားရော သက်သက်စီ ဖြေဆိုရတာဖြစ်ပြီး အမှတ်ခြောက်ဆယ်အောက် ရရှိခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ကွာရှင်းခွင့်ကို အတည်ပြုပေးမှာဖြစ်ပြီး အမှတ်ခြောက်ဆယ် ကျော်လွန်နေမယ်ဆိုရင်တော့ ကွာရှင်းဖို့ ဘယ်လောက်ပဲ ဆန္ဒရှိရှိ ကွာရှင်းဖို့ ခွင့်မပြုပါဘူး။
စာမေးပွဲကို မေးခွန်းပုံစံ သုံးမျိုးနဲ့ သတ်မှတ်ပေးထားတာဖြစ်ပြီး ဘယ်လိုပုံစံနဲ့ အမှတ်ပေးသလဲဆိုတာကိုတော့ တရားသူကြီးမင်းက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒီစာမေးပွဲကို ပထမဦးဆုံး လာရောက်ဖြေဆိုခဲ့ကြတဲ့ လင်မယားနှစ်ဦးကတော့ အမှတ်ခြောက်ဆယ်ကို အပြတ်အသတ် ကျော်လွန်နေခဲ့အတွက် ကွာရှင်းခွင့်ကို ငြင်းဆန်ပယ်ချခဲ့ရတယ်လို့ သိရှိရပါတယ်ခင်ဗျာ။
Leave a Reply