မိမိရဲ့နို့ကို အလှူအတန်းပြုလုပ်နေတဲ့ အမေရိကန်အမျိုးသမီး

အမျိုးသမီးတချို့ကတော့ ကလေးမွေးဖွားပြီးချိန်မှာ နို့အထွက်နည်းတဲ့ဝေဒနာကိုခံစားရလေ့ရှိပေမယ့် အမေရီကန်ကအမျိုးသမီးတစ်ယောက်တော့ထိုဝေဒနာကို အန်တုနေပါတယ်။ အမေရိကန်ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမှာနေထိုင်တဲ့ ကိတ်ကက်ချ်မန်းဆိုတဲ့ အမျိုးသမီးသမီးပဲဖြစ်ပါတယ်။ သူမရဲ့ဖြစ်ပေါ်နေမှုပုံစံက စိတ်ဝင်စားစရာကောင်းလှပါတယ်။

သူမကတော့ ကလေးမီးဖွားပြီးချိန်မှာ အခြားသူတွေနဲ့မတူပဲ နို့တွေအရမ်းထွက်နေတာပဲဖြစ်ပါတယ်။ ဘယ်လောက်ပမာဏထိထွက်လဲဆိုရင်တော့ တစ်ရက်ကို ၆ ပိုင့်နီးပါးလောက်ထွက်တယ်လို့သိရပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီး လေးလသားအရွယ် ကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူမရဲ့ခင်ပွန်းကလဲ အိုင်တီပညာရှင်တစ်ဦးဖြစ်တဲ့ ဘလိတ်ခ် ဖြစ်တယ်လို့လဲသိရပါတယ်။ သူမကတော့လက်ရှိအချိန်ထိ ဆိုရင် နို့ထွက်နည်းတဲ့ မိခင်တွေအတွက် နို့ ၉၀ ပိုင့်လောက် လှူဒါန်းပြီးသွားပြီလို့လဲသိရပါတယ်။

သူမကတော့ အိပ်ယာထပြီး မိနစ်အနည်းငယ်ကြာ နံနက် ၅နာရီ် ၄၅မိနစ်ကနေ နေ့လည် ၁၁ နာရီထိနို့တွေ ပန်းထွက်နေတယ်လို့လဲသိရပါတယ်။ သူမရဲ့ကလေးအတွက်လိုအပ်တဲ့ နို့ပမာနကို ဖယ်ရှားပြီးကျန်တဲ့ နို့တွေကိုတော့ ပလတ်စတစ်ဘူးအပျော့အကြည်ထဲ ထည့်ပြီး တံဆိပ်ကပ်ကာ ရေခဲသေတ္တာထဲထည့်ထားပြီး လိုအပ်နေသူများကို အမြဲလှူဒါန်းနေတာဖြစ်တယ်လို့သိရပါတယ်။

ယခုလိုပြုလုပ်နေရတာ သူမပင်ပန်းပေမယ့်လဲ ကျေနပ်ပျော်ရွှင်နေတယ်လို့လဲသိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*