လင်မယားနှစ်ယောက် သွားတိုက်ဆေးဘူးညှစ်တဲ့ပုံစံခြင်းမတူလို့ဆိုပြီး ကွာရှင်းခဲ့ကြတဲ့အဖြစ်

ပြီးခဲ့တဲ့ 2017 ခုနှစ်က မလေးရှားနိုင်ငံရဲ့ လင်မယားကွားရှင်းခဲ့ကြတဲ့အမှုပေါင်း 49,965 မှုရှိခဲ့ကြောင်း သိရှိရပါတယ် ။ မကြာသေးခင်ကမှ Sinar Harian အမည်ရှိတဲ့ စာရေးဆရာဟာ မယုံနိုင်လောက်တဲ့အကြောင်းပြချက်မျိုးနဲ့ ကွာရှင်ခဲ့တဲ့အမှုပေါင်း များစွာလည်းရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ် ။

ထိုအမှုများစွာထဲကမှ အထူးဆန်းဆုံးတစ်ခုကတော့ လင်မယားနှစ်ယောက် သွားတိုက်ဆေးဘူးညှစ်ထုတ်တဲ့ပုံစံချင်းမျိုးမတူညီလို့ လမ်းခွဲခဲ့ကြတယ်ဆိုတာပါပဲ ။ စာရေးဆရာ၏ပြောပြချက်အရ ခင်ပွန်းဖြစ်သူမှာ သွားတိုက်ဆေးဘူးရဲ့ အနောက်ဆုံးအပိုင်ကိုညှစ်ရတာ ကြိုက်ပြီး ၊ ဇနီးဖြစ်သူမှာတော့ ဘူးရဲ့အလယ်ပိုင်းကိုညှစ်ရတာ ကြိုက်နှက်သက်ကြောင်း သိရှိရပါတယ် ။

နောက်ဆုံး သွားတိုက်ဆေးဘူးရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် လင်မယားနှစ်ယောက်မကြာခဏ အငြင်းအခုံဖြစ်ခဲ့ကြပြီး သည်းမခံနိုင်တော့တဲ့အဆုံး ကွာရှင်းစာချုပ်မှာ လတ်မှတ်ရေးထိုးခဲ့ကြပြီး ၊ နှစ်ဦးနှစ်ဖက်လုံးပြေလည်အောင် ဆွေးနွေးခဲ့ကြပေမဲ့လည်း နောက်ဆုံးမှာတော့ ကွာရှင်းခဲ့ကြကြောင်း သိရှိရပါတယ် ။

နောက်ထပ်ကွာရှင်းခဲ့မှုတစ်ခုမှာတော့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ချစ်သူနဲ့အတူလက်တွဲသွားချင်တဲ့အဆုံး လက်ထပ်ဖို့သဘောတူညီခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း လက်ထပ်ပြီးတစ်နှစ်အကြာမှာတော့ အမျိုးသမီးဟာ သူမခင်ပွန်းရဲ့အကျင့်စရိုက်တွေကို သည်းမခံနိုင်တော့တဲ့အဆုံးလမ်းခွဲခဲ့တာပါ ။ အဲ့အကျင်ကတော့ ခင်ပွန်းဖြစ်သူဟာ ငယ်ရွယ်စဉ်ကတည်းက တိတ်တဆိတ်နေထိုင်တတ်သူဖြစ်ပြီး ၊ သူ၏ မိသားစုတွေနဲ့ အတူရှိနေရင်တောင်မှ စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်လွန်းတဲ့အတွက် ခင်ပွန်းဖြစ်သူရဲ့အကျင့်ကို ရိုးအီလာပြီးပျင်ရိလာတဲ့အဆုံး လမ်းခွဲခဲ့ကြတာဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*