ဟော့ပေ့ါအိုးထဲ ကြွက်သေတစ်ကောင်ပါလာတာမျိုးတော့ မဖြစ်သင့်ပါ

တရုတ်နိုင်ငံ အရှေ့ပိုင်း Weifang, Shandong ရှိ Xiabu Xiabu စားသောက်ဆိုင်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဟော့ပေါ့စားနေစဉ် ကြွက်သေတစ်ကောင် တွေ့ရှိခဲ့တဲ့ဖြစ်စဉ်ဟာ ဆိုင်ရဲ့ပုံရိပ်အတွက် အဆိုးဝါးဆုံး ထိခိုက်မှုကြီးပါပဲ။


ကြွက်သေတွေ့တယ်ပြောလိုက်တော့ ဆိုင်ရှင်ကိုယ်တိုင်လာပြီး ဒီအတွက် တောင်းပန်တဲ့အနေနဲ့ ယွမ် ၅ဝဝဝ(ဒေါ်လာ ၇၂၈) လျော်ကြေးပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီပိုက်ဆံကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးနာမည်က Gao လို့သိရပြီး ဒါကိုစားမိတဲ့အတွက် ဆေးသွားစစ်ဖို့တော့ လိုတယ်လို့ပြောပါတယ်။


တကယ်လို့များ ကလေးပျက်ကျခဲ့သည်ရှိသော်ဆိုပြီး ယွမ် ၂ဝဝဝဝ(ဒေါ်လာ ၂၉ဝဝ) ထပ်ပြီး လျော်ကြေးပေးခဲ့ပါတယ်။ Xiabu Xiabu ဟော့ပေါ့ဆိုင် လိုင်စင်နဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားစာတွေ ရောင်းချရဲ့လားဆိုတာ စစ်ဆေးတုန်းကလည်း အားလုံးတရားဝင်ခဲ့ပါတယ်။

ဘာကြောင့် ကြွက်သေတစ်ကောင်အိုးထဲပါလားဆိုတာ သေချာမသိရပါဘူး။ ကြွက်သေတစ်ကောင် အိုးထဲရှိနေတာတောင် ဝန်ထမ်းများကရော မသိဘူးလားလို့ အင်တာနက်သုံးစွဲသူများ မေးလာပါတယ်။ ဖြစ်စဉ်ကိုတော့ စုံစမ်းနေတုန်းပါ။ စီစီတီဗီတွေကိုလည်း စစ်ဆေးနေကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*