“မှင်စာ”ဆိုတာ အပြင်လောကမှာ တကယ်ရှိနေတာလားဆိုတဲ့ မေးခွန်းနဲ့အတူ သံသယဖြစ်စရာဗီဒီယို

အမျိုးအမည်မဖော်နိုင်တဲ့ ရုပ်ပုံနဲ့ နေ့ခင်းကြောင်တောင် ဆိုင်ကယ်ဦးထုပ်မှာတပ်ထားတဲ့ ကင်မရာကနေရိုက်ကူးမိလိုက်တဲ့ အရာကတော့ တကယ်ကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်။ဘာကောင်ကြီးလည်း လို့ပြောယူရတဲ့ အထိ အဖြေရှာမရဖြစ်ခဲ့ပါတယ်။ ဒီမှတ်တမ်းကိုရယူနိုင်ခဲ့တာကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာပြည်နယ်မှာရှိတဲ့ Aceh လို့ခေါ်သော တောအုပ်အတွင်းမှာ ဆိုင်ကယ်စီးအဖွဲ့ ဆိုင်ကယ်မောင်းနှင်နေတုန်း ကြုံတွေ့ခဲ့ကြတာဘဲဖြစ်ပါတယ်။

ဗီဒီယိုထဲမှာကြည့်မယ်ဆိုရင်တော့ လူပုံစံနှင့် ခါးကုန်းထားပြီး အဝတ်ဗလာနဲ့ အရာကိုတွေ့ရမှာဖြစ်ပြီး ဆိုင်ကယ်တန်းရဲ့ ရှေ့ဆုံးကမောင်းနှင်သွားခဲ့တဲ့ ခေါင်းဆောင်ကတောင် ရုတ်တရက် ထိတ်လန့်ပြီး ဆိုင်ကယ်ပါမှောက်လဲခဲ့ပါတယ်။လူသားတစ်ယောက်နဲ့ ပုံစံတူပေမယ့် အသေအချာ အာရုံစိုက်ကြည့်မယ်ဆိုရင်တော့ အကျည်းတန်နေတဲ့ မျက်နှာကိုတွေ့ရမှာလည်းဖြစ်ပါတယ်။

ဆိုင်ကယ်မှောက်မှောက်ချင်းမှာဘဲ ၄င်းအမည်မဖော်နိုင်တဲ့ အရာဟာ ထွက်ပြေးသွားခဲ့တာကြောင့် အခြား ဆိုင်ကယ်မောင်းသူတစ်ယောက်က အနောက်ကနေ ဆိုင်ကယ်ကို အပြင်းမောင်းလို့ လိုက်ခဲ့ပါတော့တယ်။အံ့သြစရာကောင်းတာက ဆိုင်ကယ်မောင်းနှင်နေတဲ့ အရှိန်မှာ မြန်ဆန်နေသော်လည်း ရှေ့ကနေပြေးနေတဲ့ အဲ့ဒီအမည်မဖော်နိုင်တဲ့ အရာကို မမှီနိုင်တာဘဲဖြစ်ပါတယ်။

ရှေ့တစ်နေရာအရောက်မှာတော့ ထိုအရာဟာ ဘေးဘက်ကခြုံပုတ်တောထဲကို၀င်ရောက်ပြေးသွားခဲ့ပြီးနောက် ဆိုင်ကယ်သမားများက တောထဲအထိ လိုက်လံရှာဖွေခဲ့သော်လည်း လုံးဝရှာမတွေ့ခဲ့တော့ဖူးလို့ သိရပါတယ်။တကယ်ကို ထူးခြားလှတဲ့ လောကကြီးပါဘဲ မဟုတ်ပါလား..။

Be the first to comment

Leave a Reply

Your email address will not be published.


*