ကိုယ့်ကလေးကို ဘယ်သွားသွားပျောက်သွားမှာ စိတ်မပူရမဲ့ Idea ခပ်လန်းလန်းတစ်ခုကို ရခဲ့တဲ့လင်မယား

တကယ့်ကို Idea ကောာင်းလို့ဆိုရမှာပါပဲ။ စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ စင်ကာပူလူမျိုးလင်မယားဟာ သူ့သမီးလေးကို ဘယ်ခေါ်သွားခေါ်သွားစိတ်ချရအောင်ခပ်မိုက်မိုက် Idea လေးတစ်ခုကိုစဉ်းစားမိခဲ့ပါတယ်။ စင်ကာပူနိုင်ငံရဲ့ Royal Sporting House warehouse မှာဈေးဝယ်ထွက်လာတဲ့သူတို့မိသားစုလေးဟာ ကလေးရှိတဲ့မိခင်တွေကို idea ကောင်းတစ်ခုချပြနိုင်ခဲ့ပါတယ်။

သိပ်ကိုလူထူထပ်တဲ့ Shopping စင်တာတွေပဲသွားသွား၊ လမ်းဘေးဈေးဆိုင်တွေပဲပတ်ပတ်၊ ဘယ်လိုနေရာမျိုးမဆိုသူတို့ရဲ့သမီးလေးပျောက်သွားမှာ လူအုပ်ကြားထဲညပ်နေပြီးရှာရခက်မှာ တွေကိုမဖြစ်စေဖို့သူတို့သမီးလေးရဲ့ ခေါင်းစည်းကြိုးလေးမှာ မိုးပျံပူပေါင်းလေးကို ချိတ်ဆွဲပေးထားပါတယ်။

ဒီလိုခေါင်းပေါ်မှာပူဖောင်းလေးတစ်ထောင်ထောင်နဲ့ ကလေးလေးက ဘယ်လိုပဲမိဘနဲ့ လူစုကွဲသွားပါစေအုံးတော့ရှာရလွယ်မှာတော့အသေချာပါပဲ…ဘယ်လိုတောင် စိတ်ကူးကောင်းတဲ့မိဘတွေပါလိမ့်…သူတို့ရဲ့အကြံလေးကမဆိုးဘူးလို့ဆိုရမယ်။

သားယောက်ျားလေးဆိုရင်လည်း ခေါင်းစည်းကြိုးမဟုတ်တဲ့တစ်ခြားနေရာမှာအခုလိုလေးပူဖောင်းလေးကိုကြိုးနဲ့ချည်ထားပေးလိုက်ရင် ဘယ်သွားသွားခေါ်သွားလို့ရပြီးစိတ်ချလက်ချလည်းဈေးဝယ်လို့ လျှောက်ကြည့်လို့ရမှာပါ။ သူတို့မိသားစုရဲ့ချစ်စရာကောင်းတဲ့ဈေးဝယ်ထွက်ပုံလေးကို Facebook user တစ်ယောက်ကအခုလိုကူညီရိုက်ကူးထားရင်း Idea ကောင်းလွန်းတဲ့သူတို့ရဲ့ လုပ်ရပ်လေးဟာ မိဘတွေအကြား အကြံကောင်းတစ်ခုနေနဲ့ပျံ့နှံ့သွားခဲ့ပါတော့တယ်…

 

Be the first to comment

Leave a Reply

Your email address will not be published.


*