အရည်တွေပျော်ကုန်မှာစိုးလို့ဆိုပြီး ရေခဲချောင်းကို ဒီကလေးလေး ဘယ်မှာသွားစားလဲဆိုတော့

ဘတ်စ်ကားပေါ်မှာ အသက်၂နှစ်အရွယ်ကလေးလေးက ရေခဲချောင်းစားရင် အရည်ပျော်ပြီး ခုံမှာပေကံျကုန်မှာစိုးလို့ ဆိုပြီး အမှိုက်ပုံးနားသွားစားနေတဲ့ ဗီဒီယိုလေးကို သင်တို့ရော ကြည့်ပြီးပြီလား ..

Kunming မြို့ Yunnan နားက ဘတ်စ်ကားတစ်စီးပေါ်မှာ ဒီကလေးလေးက အမှိုက်ပုံးနားထိုင်ပြီး ရေခဲချောင်းနေတာဖြစ်ပါတယ်


ဂါဝန်အဝါရောင်လေးနဲ့ ခေါင်းစည်းကြိုးစည်းထားတဲ့ ကလေးလေးဟာ အစက သူမအမေနဲ့ထိုင်နေတာဖြစ်ပြီး အမေဖြစ်သူက သူမကို အရည်တွေကျကုန်မယ်လို့ သတိပေးလိုက်လို့နေပါမယ်။ ကလေးလေးက ချက်ချင်းထပြီး အမှိုက်ပုံးနား ကျကျနနထိုင်ကာ သူ့ရဲ့ရေခဲချောင်းကို အားရပါးရစားပါတော့တယ်။


ကားပေါ်မှ ခရီးသည်တစ်ဦးက ဒီကလေးလေးကိုချစ်လို့ ဗီဒီယိုရိုက်ပြီး တရုတ် ဆိုရှယ်မီဒီယာပေါ်တင်ထားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကလေးအပေါ် မိဘတွေရဲ့သင်ကြားမှုပိုင်းက စနစ်တကျရှိလို့ ဒီလို လိမ္မာတဲ့ကလေးလေးဖြစ်နေတာဆိုပြီး အင်တာနက်အသုံးပြုသူများက ချီးမွမ်းနေကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*