ကျောင်းကသင်ကြားပေးလိုက်တဲ့ သင်ခန်းစာနဲ့ လောင်ကျွမ်းနေတဲ့နေအိမ်ကို အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့တဲ့ ကောင်လေး

မီးသတ်တပ်ဖွဲ့တွေဟာ စာသင်ကျောင်းသို့လာရောက်ပြီး ကလေးငယ်တွေကိုမီးဘေးအန္တရာယ်နှင့်ပက်သက်ပြီး သိထားသင့်တဲ့အရာများကို သင်ခန်းစာတစ်ခုအနေဖြင့် သင်ကြားပို့ချပေးလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အသက် 13 နှစ်အရွယ် Alexsidi Wilfred အမည်ရတဲ့ ကောင်လေးဟာ မီးဖိုချောင်ထဲမှာ လောင်ကျွမ်းနေခဲ့တဲ့ မီးတောက်ကြီးတွေကိုအချိန်မီ ငြိမ်းသက်နိုင်ခဲ့လို့ လူအယောက်များစွာနေထိုင်နေလျက်ရှိတဲ့ အိမ်တန်းရားကြီးတစ်ခုလုံးကို ကယ်တင်ပေးနိုင်ခဲ့ပါတယ် ။

ထို့ကြောင့် မီးသတ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးပြောကြားချက်အရ မီးသတ်တပ်ဖွဲ့တွေမရောက်လာခင်အချိန်မှာပဲ အဆိုပါကောင်လေးဟာ မီးတောက်ကြီးတွေကိုအချိန်မီ ငြိမ်းသက်ပေးနိုင်ခဲ့တာဖြစ်ပါတယ် ။ မီးတောက်တွေ အခြားနေရာကိုမကူးစပ်ခင် ကလေးငယ်ဟာ မီးသတ်ဘူးကိုသုံးပြီး မီးငြိမ်းသတ်ပေးခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။

ထို့အပြင် တာဝန်ရှိသူများက Alexsidi ကို မီးသတ်ဘူးဘယ်လိုအသုံးပြုရမှန်း ဘယ်လိုသိတာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှ Alexsidi ဟာ ၎င်းတို့တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းဟာ ပြီးခဲ့တဲ့တစ်ခေါက်က မီးသတ်တပ်ဖွဲ့တွေကိုဖိတ်ကြားပြီး ကျောင်းသားများကို မီးဘေးအန္တရာယ်နှင့်ပက်သက်ပြီး သင်ခန်းစာပို့ချပေးခဲ့တဲ့အတွက် မီးသတ်ဘူးကိုမည်သို့အသုံးပြုရမည်မှန်းကို သိရှိသွားခဲ့တာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*