
မိဘများကို ဝင်ငွေရှာဖွေပေးနိုင်ရန်အတွက် you tubeမှ မုန့်လုပ်နည်းများလေ့လာကာ စျေးထဲတွင် သွားရောက်ရောင်းချခဲ့သည့် အသက်၉နှစ်အရွယ်ကလေး
ကလေးငယ်တို့သည် ဆယ်ကျော်သက်အရွယ်ထိ လောကအကြောင်းကို သိရှိခြင်းမရှိသေးဘဲ ဆော့ကစားခြင်း အိပ်စက်ခြင်းတို့လောက်ပင် အာရုံထဲတွင် ရှိတတ်ကြသည်။
သို့သော် မလေးရှားနိုင်ငံမှ အသက်၉နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်၏ သိတတ်မှုသည် အလွန်ပင်အံ့သြဖွယ်ကောင်းလှပေသည်။အသက်၉နှစ်သာရှိသေးသည့် ကလေးငယ်သည် စာပေသင်ကြားကာ စာကြိုးစားရမည့် အရွယ်ပင်ဖြစ်သည်။
သူသည် မိဘများကို တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်အတွက် you tubeမှတစ်ဆင့် မုန့်လုပ်နည်းမျိုးစုံကို သင်ကြားပြီး မုန့်များရောင်းချနိုင်ရန် ကြိုးစားခဲ့ပေသည်။
ကလေးငယ်သည် မိဘများထံမှ လျှပ်စစ်အိုးတစ်ခုကို ဝယ်ပေးရန် တောင်းဆိုခဲ့သည်။ထို့နောက်တွင် စနေ တနင်္ဂနွေနေ့များတွင် စျေးထဲသို့သွားရောက်ကာ မုန့်များကိုရောင်းချခဲ့သည်။ကလေးငယ်၏မုန့်များသည် အရသာရှိပြီး လူကြိုက်များကာ စျေးထဲတွင် ပုံမှန်ဖောက်သည်များပင် ရရှိနေခဲ့ပြီဖြစ်သည်။
Leave a Reply