ညဘက်ကြီး ကားလမ်းပေါ်မှာ သူမကြောင့် Amazing ဖြစ်သွားရတဲ့အခိုက်အတန့်…

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ညအချိန်မတော်ကြီး ဝတ်စုံအပြည့်နဲ့လမ်းပေါ်မှာ မြင်းစီးလာတဲ့မိန်းကလေးကို ပုံပါအတိုင်းတွေ့မြင်ရမှာပါ။

ဘယ်သူဘယ်ဝါဆိုတာသေချာမသိပင်မဲ့သူရဲ့ ဝတ်စားထားပုံနဲ့ကားလမ်းပေါ်ထူးထူးဆန်းဆန်းကြီးမြင်းစီးလာတာကတော့ မြင်ရသူအဖို့ အံ့သြစရာကြီးပါပဲ။ သူမရဲ့လုပ်ရပ်ကို လမ်းပေါ်ကလူတွေက ကြောင်တောင်တောင်ကြီးကြည့်နေကြပင်မဲ့သူမကတော့ခပ်တည်တည်နဲ့ပဲ သူ့မြင်းသူစီးကာ ကားလမ်းပေါ်မှာအခန့်သားသွားနေတော့တာပါပဲ…

အံ့သြတကြီးကြည့်နေတဲ့သူတွေကြားထဲကမှ မနေနိုင်တဲ့ Driver တစ်ယောက်က ညီမဘာလုပ်နေတာလဲ မေးတော့…ဘာမှမလုပ်ပါဘူး သူ့ရဲ့အိမ်မွေးတိရစ္ဆာန်မြင်းလေးနဲ့ သွားနေတာပါ …ဒါသူ့မြင်းလေးပါလို့ပြန်ပြောရုံမှလွဲရင်ဘာမှပြန်မဖြေခဲ့ပါဘူး…

ဘယ်လိုတောင်ဝတ်စုံအပြည့်နဲ့ရုပ်ရှင်ထဲကလိုလို ဆန်းနေတဲ့မိန်းကလေးလည်းဆိုတာ ပုံတွေကြည့်ရင်းသင်တို့လည်းခံစားမိမှာပါ…တစ်ခါတစ်ရံဒီလို ထူးထူးဆန်းဆန်းလူတွေကြောင့် Amazing ဖြစ်ဖြစ်သွားရတဲ့အခိုက်အတန့်လောကကြီးမှာ မကြာခဏဆိုသလိုဖြစ်တတ်ကြပါတယ်လေ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*