ဒိုင်ယာရီ မှတ်တမ်းကြောင့် ဟာဝိုင်အီမှ ပြည်နှင်ဒဏ်ပေးခံရတဲ့ သြစတြေးလျသူ

ချစ်သူနဲ့အတူ သဲသောင်ပြင်မှာ လဲလျောင်းရင်း အုန်းစိမ်းရည်လေးတွေ စုပ်ကာ ညနေဆည်ဆာနေဝင်အလှကို အတူတူခံစားမယ်။ ညဖက်ကျရင် မီးပုံပွဲလေးမှာ ကျွန်းသူလေးလို ဝတ်စားပြီး အတူတူကကြမယ် ဆိုတဲ့ ဟာဝိုင်အီ အိမ်မက်တွေကို သုံးလခန့် အနားယူပြီး အကောင်အထည်ဖော်ဖို့ ဟာဝိုင်အီကျွန်းကိုရောက်လာတဲ့ သြစတြေးလျနိုင်ငံသား အမျိုးတစ်ဦးဟာ သူမရဲ့ ဒိုင်ယာရီထဲမှာ ရေးထားတဲ့ စာသားနှစ်ခုကြောင့် လူဝင်မှုကြီးကြပ်ရေးက ပြည်နှင်ဒဏ်ပေးတားကို ခံခဲ့ရပါတယ်။


သြစတေးလျနိုင်ငံ မဲလ်ဘုန်းမှာနေထိုင်သူ အသက် ၂၆ နှစ်အရွယ် Molly Hill ဟာ သူမရဲ့ ချစ်သူ အမေရိကန်နိုင်ငံသား Ross Maidl နဲ့အတူ ဟာဝိုင်အီမှာ (၈၈)ရက်တာ အပန်းဖြေဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူမရဲ့ စိတ်ကူးထဲကလို ရွှေရောင်အိမ်က်ဖြစ်မလာပဲ ကြောက်စရာအိမ်မက်ဆိုးကြီးလို အဖြစ်တစ်ခုက ဟာဝိုင်အီလေဆိပ်ကို ရောက်တဲ့အချိန်မှာပဲ စတင်ခဲ့ပါတယ်။

Ross Maidl

လူဝင်မှုကြီးကြပ်ရေးအရာရှိက နိုင်ငံငံတွင်းဝင်ရောက်ဖို့ ဗီဇာအတွက် စစ်ဆေးစဉ်မှာ သူမရဲ့ ဒိုင်ယာရီထဲမှာ ရေးထားခဲ့တဲ့ စားသားနှစ်ခုကြောင့် သူမဟာ အမေရိကန်နိုင်ငံထဲမှာ တရားမဝင် နေထိုင်တော့မယ့် အကြံအစည်ရှိသူအဖြစ် ယုံကြည်သွားပြီးနောက် ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

Molly Hill ရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ အမေရိကကို ထွက်မလာခင် ထပ်ခါထပ်ခါ ရေးထားတဲ့ စာသားနှစ်ခုက “going away drinks” နဲ့ “last day at work” တို့ပဲဖြစ်ပါတယ်။ ဒီစာသားတွေအပေါ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိက သူမဟာ အမေရိကန်နိုင်ငံထဲက ပြန်ထွက်တော့မှာ မဟုတ်ဘူးလို့ ယူဆပြီး ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွခ်မှာ ရေသားထားပါတယ်။
သြစတြေးလျကို ပြန်ထွက်မယ့် လေယာဉ်မရှိတာကြောင့် လေဆိပ်ထဲက ထိန်းသိမ်းရေးစခန်းမှာ တစ်ညနေခဲ့ရပါတယ်။ ထိန်းသိမ်းရေးစခန်းဟာ လွပ်လွပ်လပ်လပ်ဖုန်းပြောခွင့်ရှိတာကလွဲလို့ အချုပ်ထောင်ပါပဲလို့ အရာရှိက သူမကို ပြောခဲ့ပါတယ်။


ပြီးနောက် သူမကို အဝတ်အစားတွေချွတ်ပြီး ခန္ဓာကိုယ်နေရာအနှံ့ကို ရှာဖွေစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် ချောင်းဆိုးခိုင်းခြင်း ကုန်းကွခိုင်းစတာတွေကို ရာဇဝတ်ကျူးလွန်မိသူပမာ အစစ်ဆေးခံခဲ့ရပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေကိုလည်း စာရင်းသွင်းမှတ်ခံခဲ့ရပါတယ်။

ပိုလို့ဝမ်းနည်စရာကောင်းတဲ့အဖြစ်က အဲ့ဒီနေ့ဟာ သူမရဲ့ မွေးန့ဖြစ်ပြီး ချစ်သူနဲ့အတူ ကမ်းခြေမှာ ကြည်နူးရမယ့်အစား တစ်နေ့လုံး လက်ထိတ်ခတ်ခံထားခဲ့ရပါတယ်။ အဲသည်နောက်မှာတော့ ၁၁ နာရီကြာလေယာဉ်ပျံစီးပြီး သြစတြေးလျကို ပြန်သွားခဲ့ရပါတယ်။
သူမရဲ့ချစ်သူ Maidl က သူမကိုနှင်ထုတ်ခံရလို့ ပြန်သွားပြီးတဲ့နောက်မှာ သြစတြေးလျကို ချက်ခြင်းလိုက်လာခဲ့ပါတယ်။ ဒီကိစ္စအပေါ် မကျေမနပ်ဖြစ်ခဲ့တဲ့ Hill က သူမရဲ့ အဖြစ်အပျက်အတွက် လူဝင်မှုကြီးကြပ်ရေးရှေ့နေကပဲဖြစ်ဖြစ် သတင်းသမားတစ်ယောက်ယောက်ကပဲ ဖြစ်ဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို မထောက်ခံတဲ့အကြောင်းအရာအချို့ ရေးပေးဖို့ သူမရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ အကူညီတောင်းထားပါတယ်။

Hill ဟာတစ်ကယ်တော့ ကံမကောင်းစွာနဲ့ပဲ အဖြစ်ပျက်တစ်ခုနဲ့ မတော်တဆ တိုက်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သူမပြဿနာမတက်မီ တစ်ပတ်ခန့်က သြစတြေးလျနိုင်ငံသား ကိုယ်ကာယလေ့ကျင့်ပေးရေးဆရာဖြစ်သူ Baxter Reid က သူ့ရဲ့ အမေရိကန်ဗီဇာကို မိနစ် ၉၀ ကျော်လွန်ပြီးနေထိုင်မိတဲ့အတွက် နှစ်ပတ်ခန့် ထိန်းသိမ်းရေးစခန်းမှာ စစ်ဆေးခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ သူမကို လာပြီးရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးတော့ သူမရဲ့ အမေရိကန်ဒေါ်လာ ၂၀၀၀ တန် ခရီးစဉ်ဟာ ဒိုင်ယာရီစာအုပ်ထဲက စာသားနှဏ်ခုကြောင့် မမျှော်လင့်ထားတဲ့ အခြေအနေတွေဖြစ်ကာ အမေရိကန်နိုင်ငံက ပြည်နှင်ဒဏ်ပေးခံရမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*