ဖခင်ဖြစ်သူက တစ်ရက်ကို TV 15 မိနစ်သာကြည့်ခွင့်ပေးလို့ ဘေးတိုက်ခန်းကTV ကိုခိုးကြည့်နေရတဲ့ ကလေးငယ် (ရုပ်သံ)

ကလေးငယ်တွေဟာ မိဘတွေရဲ့စကားကိုနားထောင်တတ်ကြပေမဲ့လည်း တစ်ခါတစ်လေမိဘတွေရဲ့ကွယ်ရာမှာတော့ သူတို့လုပ်ချင်တာတွေကိုလုပ်နေတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ video ထဲက ကလေးငယ်ဟာ ပုတင်ပေါက်ကနေတစ်စုံတစ်ခုကိုအချိန်အတော်ကြာလှမ်းကြည့်နေခဲ့တဲ့အတွက် စစ်ဆေးကြည့်လိုက်ချိန်မှာတော့ အိမ်နီးချင်းတိုက်ခန်းမှာရှိနေတဲ့ TV ကိုခိုးပြီးကြည့်နေခဲ့တာပါ ။

ဖြစ်စဉ်ကတော့ ကလေးငယ်ဟာ TV ကိုတအားကြည့်လွန်းတဲ့အတွက် သူမရဲ့ဖခင်ဖြစ်သူက မျက်စိထိခိုက်မှုမရှိအောင် သူမကိုအချိန်အကန့်အသတ်ဖြင့်သာ TV ကြည့်စေခဲ့ပြီးနောက် ၊ တစ်ရက်လျှင် 15 မိနစ်သာ TV ကြည့်ဖို့ခွင့်ပေးခဲ့ပါတယ် ။ မကြာသေးခင်ကမှ ဖခင်ဖြစ်သူဟာ သူ၏သမီးဖြစ်သူဟာ ပုတင်းပေါက်အနားတွင် 1နာရီ, 2နာရီခန့် မလှုပ်ဘဲထိုင်နေခဲ့ပြီး တစ်ခါတစ်လေမုန့်ပါယူပြီး အဆိုပါပုတင်ပေါက်မှာ မလှုပ်မရွပဲထိုင်နေခဲ့တာကို သတိပြုမိခဲ့ပါတယ် ။

 

ထို့ကြောင့် ဖခင်ဖြစ်သူက သမီးရဲ့အခြေအနေကိုစစ်ဆေးကြည့်လိုက်ချိန်မှာတော့ လမ်းကြားတစ်ခုခြားနေတဲ့ တိုက်ခန်းတစ်ခုမှ မြင်နေရတဲ့ TV ကိုသမီးဖြစ်သူက လှန်းပြီးကြည့်ရှုနေခဲ့တာပါ ။ တစ်ခါတစ်လေ အဆိုပါတိုက်ခန်းရဲ့ပုတင်းပေါက်မှာ ခန်းဆီးချထားတဲ့အချိန်မျိုးနဲ့ဆုံရင် သမီးဖြစ်သူက ငိုနေတတ်သေးကြောင်းဖခင်ဖြစ်သူကပြောပြခဲ့ပါတယ် ။

TV ကိုခိုးကြည့်နေတဲ့ သမီးငယ်လေးကဲ့ video ဟာ အတော်လေးကိုအပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းလွန်းလှပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*