ဒီဦးလေးကြီး လမ်းပေါ်ကချိုင့်ခွက်တွေကိုလိုက်လိုက်ဖာပေးနေတဲ့အကြောင်းရဲ့နောက်ကွယ်မှာဝမ်းနည်းစရာဖြစ်ရပ်တစ်ခုရှိနေခဲ့ပါတယ်…

အိန္ဒိယနိုင်ငံ Mumbai ကဟင်းရွက်သည်ဦးလေးကြီးတစ်ယောက်ဟာ ဟင်းရွက်ရောင်းတဲ့အလုပ်ပြီးတာနဲ့ သူ့ရဲ့နောက်ထပ်တာဝန်ကြီးကလမ်းတွေမှာတွေ့သမျှချိုင့်ခွက်တွေကိုလိုက်ဖာပေးတာပါပဲ။ ဒီတာဝန်ကြီးကိုသူ့ကိုဘယ်သူကမှပေးထားတာမဟုတ်ပါဘူး။

သူကိုယ်တိုင်ကိုကသူ့ရဲ့ကိုယ်ချင်းစာစိတ်နဲ့အပေါက်တွေ ချိုင့်တွေကိုလိုက်ဖာပေးနေခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေရဲ့နောက်ကွယ်မှာနာကျင်စရာဇာတ်လမ်းတစ်ခုရှိတယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး။ တကယ်တော့ ဒီလူလေးကြီးရဲ့သားလေး(၁၆)နှစ်အရွယ်ဟာ ချိုင့်ကွက်များပြီးမညီညာတဲ့လမ်းကြောင့်ဆိုက်ကယ်မောက်ရင်းသေဆုံးခဲ့ပါတယ်။

ဒါကြောင့်သူ့လိုပဲ လူတိုင်းဟာကိုယ်အချစ်ရဆုံးသူတွေကို ဒီလမ်းပေါ်ကချိုင့်ခွက်တွေကြောင့်မဆုံးရှုံးရစေဖို့ကိုယ်ချင်းစာစိတ်နဲ့လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဦးလေးကြီးရဲ့စိတ်ဓာတ်ကတော့လေးစားစရာလည်းကောင်းသလိုချီးကျူးစရာပါပဲ။ သနားဖို့ကောင်းလှတဲ့ဖခင်တစ်ယောက်ရဲ့မေတ္တာကိုလည်းမြင်တွေ့ရပါသေးတယ်..

ဘာပဲဖြစ်ဖြစ် ဦးလေးကြီးရဲ့စေတနာကိုလူတိုင်းကကောင်းကောင်းကြီးအသိမှတ်ပြုသလို တမလွန်ကသားဖြစ်သူကလည်းဖခင်လုပ်ရပ်ကိုကြည်နူးဝမ်းသာနေမိမှာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*