သမီးလေးအိပ်နေတာကို မော်နီတာကနေတစ်ဆင့်ကြည့်နေရာမှ ထိတ်လန့်စရာတွေ့ခဲ့ရတဲ့အဖြစ်အပျက်

ပြည်ပနိုင်ငံတွေမှာတော့ ကိုယ့်ကလေးတွေအိပ်နေတုန်း အဝေးကလှမ်းကြည့်နေလို့ရတဲ့ ဘေဘီမော်နီတာလေးတွေသိပ်ပြီးအသုံးဝင်ပါတယ်။ဒီလိုမော်နီတာလေးတွေသုံးတဲ့အချိန်မှာထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့ရတာကလည်း တစ်ခါနှစ်ခါတောင်မကတော့ပါဘူး။မီဒီယာတွေက မော်နီတာမှာမြင်တွေ့ရတဲ့ထူးထူးခြားခြားအရာတွေကို သတင်းအဖြစ်ပြန်လည်ဖော်ပြလေ့ရှိပြီး စက်တင်ဘာ ၁၆ရက်နေ့ကလည်း ကလေးမိဘတစ်ယောက်ရဲ့ထူးခြားတဲ့ကြုံတွေ့မှုတစ်ခုကို Mirror မီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Stephen Armstrong ဆိုသူအမျိုးသားက သူ့ရဲ့၁၃လသားအရွယ်သမီးလေးအိပ်နေတာကို မော်နီတာကနေတစ်ဆင့်ကြည့်နေရင်း အိပ်ပျော်နေတဲ့သမီးရဲ့ဘေးနားတစ်ဝိုက်မှာ အလင်းရောင်တစ်ခုက ရစ်သီရစ်သီဖြစ်နေတာမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီအဖြူရောင်မီးလုံးပုံစံ အဖြူလုံးကြီးဟာ ငြိမ်နေတာလည်းမဟုတ်ပဲ ဟိုရွေ့ဒီရွေ့ဖြစ်နေတာပါ။


အသက် ၃၁နှစ်အရွယ် Stephen က ကျွန်တော်အဲ့ဒါကိုတွေ့တော့ ထိတ်လန့်သွားပြီးလှုပ်ရှားဖို့တောင်မေ့နေခဲ့ပါတယ်။ကျွန်တော်က ဝိညာဉ်တွေဘာတွေအယုံအကြည်ရှိတဲ့သူမဟုတ်ပါဘူး။ဒါပေမဲ့ ဒါကြီးကတော့ ထိတ်လန့်စရာပါပဲ၊ခဏကြာတော့ ကျွန်တော်သမီးအခန်းထဲကိုသွားပြီး အဲ့ဒီအဖြူလုံးကိုစူးစမ်းကြည့်ဖို့လုပ်ခဲ့ပါတယ်။ကျွန်တော်ဝင်သွားကြည့်တော့အဲ့ဒီအဖြူရောင်အလင်းလုံးကြီးဟာ တစ်နေရာထဲကိုဦးတည်ပြီးပျောက်ကွယ်သွားတာတွေ့လိုက်ရပါတယ်။တော်တော်ကိုထူးဆန်းပါတယ်”လို့ပြောပြခဲ့ပါတယ်။


ဒီအဖြစ်အပျက်ရဲ့အဖြေကိုတော့ ပရလောကသားတွေအကြောင်းစူးစမ်းလေ့လာသူ Sammy Rawlinson က ပေးခဲ့ပါတယ်။သူမပြောခဲ့တာက “တစ်ခြားကမ္ဘာမှာရှိနေတဲ့တစ်စုံတစ်ယောက်က ကလေးဆီကိုအလည်လာတာဖြစ်ပုံရတယ်”ဆိုတာပါပဲ။ဗီဒီယိုလေးကိုကြည့်ကြည့်ပါဦး

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*