ချစ်သူကို ချစ်လွန်းအားကြီးလို့ ချစ်သူပင်ပန်းနေချိန်ထိုင်နိုင်ဖို့ လူသားထိုင်ခုံလေးဖြစ်ပေးခဲ့တဲ့ ကောင်လေး(ရုပ်သံ)

June 21 ရက်နေ့တုန်းက Facebook စာမျက်နှာပေါ်မှာ အတော်လေးကိုပျံ့နှံ့ပြီး ရေပန်းစားနေခဲ့တဲ့ video လေးဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့စုံတွဲလေးက သူတို့ရဲ့အချစ်ကိုဖော်ပြခဲ့ကြတာလည်း ဖြစ်ပါတယ် ။ အမှန်တကယ်တော့ အချစ်ကြီးလွန်းတဲ့ကောင်လးဟာ ချစ်သူမိန်းကလေးကိုရိုးရှင်းစွာနဲ့ တိတ်တဆိတ်အကူအညီပေးနေခဲ့တာပါ ။ဖြစ်စဉ်ကတော့ New York မြို့က လူသွားလမ်းတစ်ခုမှာ အာရှစုံတွဲလေးတစ်တွဲဟာ လမ်းလျှောက်လာရင်းနဲ့ ချစ်သူမိန်းကလေးဟာ အငြင်းအခုံကိစ္စတစ်ခုရှိနေလို့ ဖုန်းပြောနေပုံရပါတယ် ။

ထို့ကြောင့် video ထဲမှာတွေ့မြင်ရတဲ့အတိုင်း ကောင်လေးဟာ ထိုင်ချလိုက်ပြီး အရေးကြီးတဲ့ဖုန်း ပြောနေပုံရတဲ့ချစ်သူအတွက် ထိုင်ခုံလေးဖြစ်ပေးခဲ့ပါတယ် ။ ကောင်လေးဟာ ချစ်သူမိန်းကလေးကို တအားဂရုစိုက်ပုံရပြီး video အဆုံးမှာတော့ သူမရဲ့ကျောပြင်လေးကို ငြင်သာစွာနမ်းရှိုက်ခဲ့ပါသေးတယ် ။

အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့သွားခဲ့ချိန်မှာတော့ ချက်ချင်းပဲဝေဖန်တိုက်ခိုက်ချင်ကြသူများဟာ ကြင်နာယုယတာ ခဏထားအုံး ၊ အခန့်မသင့်ရန် လမ်းလယ်ခေါင်မှာထိုင်နေလို့ တခြားသော လမ်းသွားလမ်းလာတွေနဲ့ပြသာနာဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ကြပါတယ် ။ တစ်ချို့အချိန်တွေမှာဆိုရင်တော့ ကိုယ့်ရဲ့အချစ်ကို အဲ့လောက်ထိသက်သေပြပြီး ဖော်ပြနေဖို့မလိုပါဘူး ၊ အရေးကြီးဆုံးက နှစ်ဦးနှစ်ဖက်လုံးက အချင်းချင်းလေးစားမှုနဲ့ဆက်ဆံရင် ရပါပြီ ဆိုပြီးထောက်ပြသူများလည်း ရှိနေခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*