ကိုယ်ဒုက္ခရောက်နေချိန်မှာ ကိုယ့်ရဲ့သူငယ်ချင်းအရင်းက ကိုယ်ဆီကနေငွေတွေခိုးယူနေတဲ့ video ကြောင့်ငိုခဲ့ရတဲ့ မိန်းကလေး(ရုပ်သံ)

Samantha Wood အမည်ရှိတဲ့ အသက် 27 နှစ်အရွယ် Single mother တစ်ယောက်ဟာ သူမရဲ့ငယ်သူငယ်ချင်းဖြစ်သူ Melissa Collier အမည်ရှိတဲ့ အသက် 28 နှစ်အရွယ် သူငယ်ချင်းဖြစ်သူက သူမရဲ့ပိုက်ဆံအိတ်ကနေ ပိုက်ဆံကိုတိတ်တိတ်လေးထုတ်ကာခိုးယူပြီး အတွင်းခံအင်္ကျီထဲကိုဝှက်ထည့်သွားခဲ့တဲ့ ရုပ်သံကြောင့် အတော်လေးကို ဝမ်းနဲ့ပြီးငိုကြွေးသွားခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ Samantha ဟာ သူမပိုက်ဆံတွေစုပြီးထည့်ထားတဲ့ ဖန်ဘူးလေးဟာလည်း ပျောက်နေခဲ့ပြီး သူမသားလေးရဲ့ ဝက်ရုပ်စုဘူးလေးကပါ ပျောက်ဆုံးနေခဲ့တဲ့အတွက် စိတ်ထဲသင်္ကာမကင်းဖြစ်နေခဲ့တာပါ ။ ထို့ကြောင့် သူမဟာ လျှို့ဝှက်ကင်မရာလေးတပ်ထားပြီး သူမဆီကနေ Melissa ခိုးယူနေတာလားဆိုပြီး စောင့်ကြည့်ခဲ့ပါတော့တယ် ။

ထို့ကြောင့် Samantha ဟာသူမဆံပင်အခြောက်ခံဖို့ အပေါ်ထက်ကိုတက်သွားချိန်မှာတော့ Melissa ဟာ မီးဖိုခန်းသို့သွားပြီး သူမအတွက်ကော်ဖီဖျော်ပေးမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ထို့နောက် Samantha အပေါ်ထပ်ကနေ စောင့်ကြည့်နေတာကို Melissa မှာလုံးဝမသိဘဲ သူမရဲ့ပိုက်ဆံအိတ်ကနေ ပိုက်ဆံတွေ ခိုးယူပြီးနောက်သူမရဲ့အတွင်းခံအင်္ကျီထဲ ဝှက်ထားလိုက်ပါတယ် ။

အဆိုပါအဖြစ်အပျက်တစ်ခုလုံးတွေရှိလိုက်တဲ့ Samantha ကတော့ သူငယ်ချင်းအရင်းခေါက်ခေါက်တစ်ယောက်က သူမဝင်ငွေအခက်အခဲဖြစ်နေပြီး သူမအပေါ်ယခုလိုလုပ်ရပ်တဲ့အတွက် အတော်လေးကို ဝမ်းနည်းပြီးငိုကြွေးခဲ့ပါတယ် ။ အဆိုပါနေ့ကတော့ Melissa ဟာ ဘားမှမဖြစ်သလိုသာဟန်ဆောင်ပြီးရှိနေခဲ့ပါတယ် ။

ယခုလိုမျိုးသူမပိုက်ဆံပျောက်နေခဲ့တာ ပြီးခဲ့တဲ့နှစ်ကတည်းကဆိုပေမဲ့လည်း သူမရိပ်မိပေမဲ့လည်း သူငယ်ချင်းကောင်းမဆုံးရှုံးချင်လို့ သူမသည်းခံနေခဲ့တာပါ ။ သို့ပေမဲ့လည်း ယခုချိန်မှာတော့ သူမ မသည်းခံနိုင်တော့ဘဲ သက်သေနှင့်တကွ ရဲစခန်းသို့တိုင်ကြားခဲ့ပါတော့တယ် ။ Melissa ဟာ အချိန်ပြည့်အလုပ်ဝင်နေသည့်သူဖြစ်တဲ့အပြင် ဝင်ငွေလည်းကောင်နေသူဖြစ်ပေမဲ့လည်း အမြဲလိုလိုအပြင်ထွက်လည် ၊ အဝတ်အစားဝယ်ပြီး သုံးဖြုန်းနေသူဖြစ်ပါတယ် ။ ယခုချိန်ကျမှ Melissa ဟာ သူမကို message များစွာပေးပို့ပြီး သူငယ်ချင်းအပေါ်မလုပ်သင့်မှန်းသိပေမဲ့လည်း စိတ်မထိန်းနိုင်ပဲ တစ်ကြိမ်ပြီးတစ်ကြိမ်ကျူ းလွန်ခဲ့မိတာဖြစ်ကြောင်း မျိုးစုံတောင်းပန်စကားများပြောဆိုခဲ့ပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*