ကြက်သားဝယ်ရင်း ဒီလိုအဖြူရောင်အစင်းကြောင်းတွေပါနေတာတွေ့လာခဲ့ရင်…

အာရှလူမျိုးအများစုကတော့ အမဲသား၊ဝက်သားထက် ကြက်သားကိုပိုပြီးအဓိကထားစားသုံးကြတာများပါတယ်။ကြက်သားက လူမျိုးမရွေးလည်းစားသုံးလို့ရတဲ့အစားအစာဖြစ်တဲ့အပြင် အိမ်ရှင်မတိုင်းကလည်း တစ်ပတ်ကို ၃ရက်၊၄ရက်လောက် ကြက်သားချက်ပြုတ်စားသောက်တတ်ကြပါတယ်။
ဒီလိုကြက်သားကိုသွားဝယ်တဲ့အခါသတိထားရမှာလေးတွေရှိပါတယ်။ကျန်းမာရေးရှုထောင့်အရကြည့်မယ်ဆိုရင် ကြက်သားရင်အုံမှာ အဖြူရောင်အစင်းကြောင်းတွေပါတဲ့အသားက ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့တွေ့ရှိခဲ့ရပါတယ်။

Compassion in World Farming အဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်အရ အဖြူရောင်အစင်းကြောင်းတွေပါနေတဲ့ကြက်သားဟာ ကျန်းမာရေးနဲ့မညီညွတ်ပါဘူးတဲ့၊ကြက်ကို မြန်မြန်ကြီးထွားလာစေဖို့မွေးမြူကြတဲ့အခါ ကြွက်သားတစ်ရှူးတွေပြောင်းလဲသွားတတ်ပါတယ်။အများဆုံးတွေ့ရတဲ့လက္ခဏာက အဖြူရောင်အစင်းကြောင်းတွေနဲ့ မလတ်ဆတ်သလိုညိုမှိုင်းနေတတ်တာပါ။


နောက်ထပ်လေ့လာချက်တွေအရ အဖြူရောင်အစင်းကြောင်းပါနေတဲ့ကြက်သားတွေဟာ နှစ်စဉ်နဲ့အမျှတိုးပွားလာတယ်လို့လည်းသိရပါတယ်။ဒီလိုအဖြူရောင်အစင်းကြောင်းပါဝင်မှုများတဲ့ကြက်သားဟာ ၂၀၁၃ တုန်းက စမ်းသပ်ချက်အရ အဖြူရောင်အစင်းကြောင်းမပါတဲ့ကြက်သားထက် အဆီပါဝင်မှု၂၂၄ ရာခိုင်နှုန်းတောင်ပိုပြီးများနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။သိတဲ့အတိုင်း အဆီဆိုရင် ရှောင်တာအကောင်းဆုံးပါ။ကြက်သားတိုင်းကတော့အဆီပါမှာပါပဲ။ဒါပေမဲ့ ပုံမှန်ထက်များနေပြီဆိုရင်တော့ ကိုယ့်ကျန်းမာရေးကိုလာပြီးထိခိုက်လာစေမှာအမှန်ပါ။


ဒါကြောင့် အဖြူရောင်အစင်းကြောင်းတွေအများကြီးဖြစ်နေတဲ့ကြက်သားကိုတွေ့ရင်ရှောင်ပြီး အဖြူရောင်အစင်းကြောင်းမပါတဲ့၊လတ်ဆတ်တဲ့အသားကိုရွေးချယ်ပြီးဝယ်ယူကြပါလို့ ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*