လမ်းတောင်းတာကို မပေးတဲ့ ကားသမားကို အထာကျကျပညာပေးနည်း

မိုက်ရိုင်းတဲ့ ကားသမားတွေ သူတို့လုပ်ရပ်နဲ့ ထိုက်တန်တာကို ပြန်ခံရရင် လူတိုင်းပဲ ကျေနပ်ကြပါတယ်။ ကား အစုတ်မကလို့ ကားအကောင်းစားပဲ ဖြစ်ဖြစ် မကောင်းတဲ့ အကျင့်စရိုက်တွေကိုအတွက်တော့ လမ်းပေါ်မှာ သည်းမခံကြပါဘူး။


လမ်းတောင်းတာကို မပေးတာ ပြဿနာမဟုတ်ပေမယ့် မိုက်ရိုင်းတဲ့ အပြုအမူကို ဖော်ပြတာကတော့ မလုပ်သင့်တာပါ။ အခုလည်း လမ်းတောင်းတာကို မပေးတဲ့ အပြင် မှန်ချပြီး လက်ခလယ်ထောင်ပြခဲ့တဲ့ Corvette ကားကို လှလှပပ လက်စားချေပုံကို ရိုက်ယူထားတဲ့ ဗီဒီယိုဟာ တော်တော်လေး အားရဖို့ကောင်းပါတယ်။

ထရပ်ကားက သူ့လမ်းကြောင်းကို ဝင်ဖို့ တောင်းတာကို မပေးပဲ အတင်းလိုက်တိုးပါတယ်။ ပြီးတော့ ကားသေးလေးရဲ့ ဒရိုင်ဘာက မှန်ချပြီး ထရပ်ကားကို လက်ခလယ်တောင် ထောင်ပြလိုက်သေးတယ်။ ထရပ်ကား ဒရိုင်ဘာကလည်း ဘယ်ရမလဲ ဖွင့်ထားတဲ့ ကားမှန်ပေါက်ထဲကို မီးခိုးမဲတွေ အလုံးလိုက် အရင်းလိုက် ထည့်ပေးလိုက်တာပေါ့။


ထရပ်ကား ဒရိုင်ဘာရဲ့ အချိန်အဆကတော့ ဆလံပေးရလောက်အောင် ကွက်တိကျနေပါတယ်။ ဒါမျိုး ဘယ်နှစ်ကြိမ်လောက် ရှေ့မှာ ကြုံခဲ့ပြီးပြီလဲလည်း မသိပါဘူး။ လမ်းပေါ်မှာ သူ မကြိုက်တာနဲ့ ထိပ်တိုက်တွေတိုင်း လုပ်ပစ်လိုက်ဖို့ အိပ်ဇောပိုက်ကို အမြဲ ချိန်ကိုက်ထားပုံပါပဲ။

ဒီ အဖြစ်ပျက်ဟာ Washington ပြည်နယ်၊ Seattle မြို့ အနီးက Tacoma မြို့မှာ ဖြစ်ပွားခဲ့တာပါ။ ဒါကို ရိုက်ကူးထားတဲ့ သူက ထရပ်ကားရဲ့ လုပ်ပေါက်ကိုကြည့်ပြီး အကြီးအကျယ် ခွီတာကိုလည်း ကြားရမှာပါ။ ဗီဒီယိုရဲ့ အဆုံးမှာ Corvette ကားလေးက နောက်မှာ ကျန်ခဲ့ပြီး ထရပ်ကားကို ရှေ့ကပေးသွားလိုက်တာကို တွေ့ရပါတယ်။ ဆက်တိုးဖို့အတွက် ချောင်းတွေ လှိမ့်ဆိုးနေရလို့လား မသိဘူး။

 

Be the first to comment

Leave a Reply

Your email address will not be published.


*