ထူးထူးခြားခြား ပရလောကသားနဲ့ လက်ထပ်ခဲ့တဲ့အမျိုးသမီး

ယူကေ နိုင်ငံတွင် ၄၅ နှစ်အရွှယ်ရှိ Amanda Teague ဆိုသူ အမျိူးသမီးဟာ ထူးထူးဆန်းဆန်း ပရလောကမှ ဝိညာဉ်နဲ့ချစ်ကြိုက်ခဲ့ တယ်လို့သိရပါတယ်။ သူတို့နှစ်ယောက်ဟာ ပြင်ပက ချစ်သူစုံတွဲတွေလို တွဲသွာ တွဲလာ လုပ်နေတာတွေ၊ အတူတူနေတာတွေ လဲ ရှိကြပါတယ်။ Amanda နဲ့ချစ်ကြိုက်နေသူ ဝိညာဉ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ရာခန့််က သေဆုံးခဲ့ သူဖြစ်တယ်လို့ဆိုပါတယ်။Amanda ဟာသူမရဲ့ ပထမအမျိုးသားနဲ့ ကလေးငါးယောက်ထွန်းကားခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့ဝိညာဉ်ချစ်သူ ကိုအပြင်မှာ တကယ်မမြင်ဖူးသော်လည်း အဆိုပါဝိညာဉ်ဟာ Jack Sparrow နဲ့ ဆင်တူပြီး Jack Sparrow လိုဆံပင်အနက်နဲ့ လူမဲဖြစ်တယ်ဆိုပါတယ်။၎င်းဝိညာဉ် အမျိုးသားကတော့ ၁၇၀၀ နှစ်ဝန်းကျင်လောက်က သတ်ခံခဲ့ရ သူဖြစ်တယ်လို့လည်းသူမ ပြောပြခဲ့ပါတယ်။အဆိုပါ ဝိညာဉ်ရှိနေတာကို လွန်ခဲ့တဲ့၂၀၁၄ ခုနှစ်မှာတည်းက သူမသိရှိခံစားခဲ့ ရပြီး အဲ့ဒီရဲ့ အကြောင်းတွေကို လေ့လာမိလေလေ သဘောကျမိလေဖြစ်လာပါတယ်လို့ ဆိုပါတယ်။

ဒါအပြင် သုတေသန အချို့လုပ်ကြည့်ရာ မှာလဲ ဝိညာဉ်နဲ့ချစ်ကြိုက်ပေါင်းသင်းသူတွေ ရှိကြောင်း ဒါပေမယ့် အဲ့ဒီအကြောင်းကို ထုတ်မပြော ခြင်းသာ ဖြစ်တယ်လို့သူမ ကဆိုပါတယ်။ သူမလက်ထက်လိုက်တဲ့ ဝိညာဉ် ဟာ မီးတွေ ဖွင့်နိုင်ပိတ်နိုင်ပြီး၊ အရာဝတ္ထုတွေ ကို ရွေ့နိုင်တဲ့ စွမ်းအားရှိတဲ့ ဝိညာဉ်တစ်ကောင် ဖြစ်တယ်လို့ ဆိုပါတယ်။

သူမအခုလို ဝိညာဉ်နဲ့လက်ထပ်ခဲ့ခြင်းကို သူမမိသားစုဝင်တွေ ကောပါ ကူညီပေးခဲ့ကြပြီး တရာဝင် ဖြစ်စေရန် နိုင်ငံတကာ ရေပိုင်နက်မှာ မင်္ဂလာဆောင်ခဲ့တယ်လို့သိရပါတယ်။ မင်္ဂလာပွဲကို ဧည်သည် ၁၂ ဦးတက်ရောက်ခဲ့ပြီး မင်္ဂလာမောင်နှံ သစ္စာဆိုမူ တွေလဲ ပြုလုပ်ခဲ့တယ်သိရပါတယ်။ ယူကေနိုင်ငံမှာတော့ ဝိညာဉ်နဲ့လက်ထပ်ခြင်း တရားဝင်ခွင့်ပြုထားခြင်း မရှိဘူးပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*