ချစ်သူသက်တမ်း 1နှစ်ပြည့်မှာ ကောင်လေးကို အိမ်တစ်လုံး ၊ ကားတစ်စီနဲ့ propose လုပ်ခဲ့တဲ့ ကောင်မလေး

တရုတ်နိုင်ငံက အသက် 24 နှစ်အရွယ်ကောင်မလေးဟာ သူမရဲ့ချစ်သူကောင်လေးကို နာမည်ပေါက်အိမ်စာချုပ်စာတမ်း ၊ ပန်းစည်း နှင့် BMW ကားသော့ တို့ကိုပြင်ဆင်ပြီး Propose လုပ်ခဲ့ပါတယ် ။ သူမဟာ ချစ်သူသက်တမ်း 1နှစ်ပြည့်တဲ့နေ့မှာ ကောင်လေးကို surprise လုပ်ဖို့စိတ်ဆုံးဖြတ်ချက်ချခဲ့တာပါ ။ သူမကတော့ surprise လုပ်တာတွေ ၊ လက်ထပ်ခွင့်တောင်းတာတွေက ယောင်္ကျားလေးပဲလုပ်ဖို့လိုတာ မဟုတ်ကြောင်းလက်ခံထားသူဖြစ်ပြီး သူမတို့ရဲ့ရိုးရာဓလေ့ကို ဆန့်ကျင့်ပြခဲ့သူလည်းဖြစ်ပါတယ် ။

သူမဟာ ချမ်းသာတဲ့မိသားစုအသိုင်းအဝိုင်းကဖြစ်ပြီး သူမတို့ရဲ့ Anniversary နေ့မှာတော့ ချစ်သူကောင်လေးကို သူမတို့ပထမဆုံးတွေ့ဆုံခဲ့တဲ့နေရာကို လာဖို့ပြောဆိုခဲ့ပါတယ် ။ အဆိုပါနေရာသို့ ချစ်သူကောင်လေးရောက်လာခဲ့ချိန်မှာတော့ သူမဟာ အဖြူ ရောင်သတို့သမီးဝတ်စုံ ဝတ်ဆင်ထားပြီး ” ကျွန်မတို့ အတူတူရှိလာခဲ့ကြတာ 1နှစ်ပြည့်ပြီ ၊ အနာဂတ်မှာလည်း ရှင်ကျွန်မနဲ့ အတူတူရှိနေမယ်လို့မျှော်လင့်မိတယ် ၊ ဒါက ကျွန်မရှင့်အတွက်ပြင်ဆင်ထားတာ ကားနဲ့အိမ်ပဲ…ရှင်ကျွန်မကို လက်ထပ်နိုင်မလား ” ဆိုပြီး ကောင်လေးကို propose လုပ်ခဲ့ပါတယ် ။

ကောင်လေးမှာတော့ လုံးဝမယုံနိုင်တဲ့ပုံစံမျိုးနဲ့ ကောင်မလေးကိုချက်ချင်းပွေ့ဖက်ပြီး ” လက်ခံတယ် ” ဆိုပြီး ကျယ်လောင်စွာ အော်ပြောပစ်ခဲ့ပါတော့တယ် ။ထို့အပြင် ၎င်းတို့စုံတွဲလက်ထပ်ပြီးသွားကြရင်လည်း ကောင်လေးဟာ သူမကိုအသက်နိုင်ဆုံးထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကတိစကားပြောဆိုခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*