အတန်းထဲမှာ ဖုန်းသုံးမိလို့ ကိုယ့်ဖုန်းကို ရိုက်ခွဲဖို့ အပြစ်ပေးခံရတဲ့ ကျောင်းသားနှစ်ယောက်

တရုတ်နိုင်ငံ Yongzhou , Hunan ဒေသရှိ အလယ်တန်းကျောင်းမှာ ကျောင်းသားနှစ်ယောက် ဖုန်းထုတ်သုံးနေလို့ဆိုပြီး ကိုယ့်ဖုန်းကို ရိုက်ခွဲခိုင်းတဲ့ ဗီဒီယိုဟာ တရုတ်ဆိုရှယ်မီဒီယာမှာတော့ ပျံ့နှံ့လို့နေပါတယ်။

ဗီဒီယိုထဲမှာ ကျောင်းသားနှစ်ယောက်ဟာ အတန်းဖော်တွေနဲ့ ဆရာရှေ့မှာတင် ကြမ်းပေါ် သူတို့ဖုန်းကို အားနဲ့ဆောင့်ချပြီး ခွဲနေကြတာတွေ့ရပါတယ်။ ပထမ ကျောင်းသားတစ်ယောက် ဖုန်းကို ပစ်ချတာ အားသိပ်မပါလို့ဆိုပြီး နောက်တစ်ခေါက် ထပ်ပစ်ခိုင်းပါတယ်။ ဆရာကို မလွန်ဆန်နိုင်တော့လည်း သူတို့ရဲ့ဖုန်းတွေကို ရင်ထဲကနာကျင်စွာနဲ့ ပစ်ပေါက်ခဲ့ရတယ်။


ကလေးတွေဟာ စာသင်နေချိန် အာရုံမစိုက်ပဲ ဂိမ်းဆော့နေလို့ ဒီလိုအပြစ်ရကြောင်းပြောပါတယ်။ သူတို့နောက်တစ်ခါ မလုပ်ရဲအောင် ဒီလိုမျိုးပစ်ပေါက်ခိုင်းခဲ့တာပါ။ ကလေးတွေ အပြစ်လုပ်တာကို အခြားနည်းနဲ့ဆုံးမလို့ရပေမယ့် ဒီလိုမျိုး ပစ္စည်းကို ဖျက်ဆီးခိုင်းတာမျိုးတော့ လူတွေက သဘောမကျခဲ့ဘူး။ လျော်ကြေးပြန်ပေးဖို့လည်း မိဘတွေဘက်မှ တောင်းဆိုခဲ့ပါတယ်။ အလုပ်ထုတ်ခံမလား ၊ လျော်ကြေးပေးမလား လို့ မေးခဲ့ပါတယ်။

ကျောင်းဘက်မှလည်း ကလေးတွေ ဖုန်းထုတ်မသုံးနိုင်အောင် တင်းကျပ်တဲ့ စည်းကမ်းတွေချမှတ်ထားဖို့လိုပါတယ်။ တကယ်လို့ သုံးလာရင်တောင် အခြားနည်းနဲ့အပြစ်ပေးစေဖို့သာ လူတွေကလည်း တောင်းဆိုကြပါတယ်။ ဒီလို အပြစ်ပေးတဲ့ဆရာရဲ့လုပ်ရပ်ကို ဘယ်သူကမှ ကောင်းတဲ့ ဝေဖန်မှုတွေလည်း မပေးထားခဲ့ပါဘူး။ ဗီဒီယိုဖော်ပြပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*