ကလေးအနားမရှိချိန် ကလေးငိုမနေအောင် မိမိရုပ်နဲ့ကတ်ထူပြားထောင်ပြီး ကလေးငယ်ကိုထိန်းကျောင်းခဲ့တဲ့ မိခင်(ရုပ်သံ)

ဂျပန်လူမျိုးတွေကတော့ တစ်ခုခုတီထွင်ကြံဆမယ်ဆိုရင် အခြားသူတွေထက်ပိုတော်ပြီ ၊ ပိုထက်မြတ်လေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကလေးငယ်ဟာမိခင်ကို အပျောက်မခံနိုင်ဘဲ တွယ်ကပ်လွန်းတဲ့ပြသာနာကို ဖြေရှင်းဖို့အတွက် အဆိုပါကလေးငယ်ရဲ့ဖခင်ဟာ ဇနီးသည်၏ ခန္ဓာကိုယ် size အရွယ်အစားအတိုင်း ထိုင်နေပုံ နှင့် မတ်တပ်ရပ်ပြီးကလေးငယ်အားကြည့်နေပုံ စတဲ့ကတ်ထူရုပ်နှစ်ခုပြုလုပ်ခဲ့ပြီး နေအိမ်ထဲတွင် ထောင်ထားခဲ့ပါတယ် ။

ကလေးငယ်တွေ 1နှစ်သားအရွယ်ဝန်းကျင်ခန့်ဟာ မိခင်တွေကိုတွယ်ကပ်လွန်းတဲ့အတွက် မိခင်တွေလည်းအတော်လေး ဒုက္ခရောက်ပြီး သန့်စင်ခန်းထဲကိုတောင်သွားလို့မရတဲ့အထိ ဖြစ်တတ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီ idea ကအတော်လေးအလုပ်ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူက ပြောဆိုခဲ့ပါတယ် ။ ကလေးငယ်မှာလည်း မိခင်အနားမှာရှိနေတယ်ထင်ပြီး လုံးဝမငိုပဲ စိတ်ချလက်ချရှိနေခဲ့ပါတယ် ။

ထို့ကြောင့် မိခင်ဖြစ်သူဟာ အခြားအခန်းထဲတွင် အနားသွားယူနေခဲ့ပြီးနောက် ၊ ကလေးငယ်မှာလည်း ပြုံးပြုံပျော်ပျော်ဖြင့်ဆော့ကစား နေခဲ့ပါတယ် ။ သို့ပေမဲ့လည်း မိနစ် 20 ခန့်ကြာလာခဲ့ချိန်မှာတော့ ကလေးငယ်ဟာတစ်ခုခုလွဲမှားနေမှန်းသိရှိခဲ့ပြီး စိတ်ခံစားမှုကင်းမဲ့နေတဲ့သူ၏မိခင်ရုပ်ကိုကြည့်ပြီးအော်ငိုခဲ့ပါတယ် ။ ကလေးငယ်မှာလည်း ထက်မြတ်လွန်းတဲ့အတွက် သူ့ကိုမိနစ် 20 ဝန်းကျင်ခန့်သာလှည့်စားနိုင်ခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*