
တရုတ်နိုင်ငံက ထုတ်လုပ်သွားမယ့် covid ကာကွယ် ကုသဆေး ဈေးကွက်ထဲကို ဝင်ရောက်လာတော့မှာဖြစ်ကြောင်း သတင်းတွေကြောင့် တစ်ကမ္ဘာလုံးက ပျော်ရွှင်နေချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီကုသဆေးဟာ ၂၀၂၂ ခုနှစ်ကို ရောက်တဲ့အထိ လိုအပ်သလောက် အလုံအလောက် ရနိုင်ဖို့ မရှိလို့ ပုံမှန်အနေအထား(Normal Life)ကို ပြန်ရောက်ဖို့ဆိုတာ မလွယ်နိုင်သေးဘူး ဆိုတဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် covid -19 ကုသဆေးဟာ စတင်ထွက်ရှိချိန်မှာ လူတန်းစားတချို့တွေ လက်လှမ်းမမီနိုင်လောက်အောင် ဈေးနှုန်းကြီးမြင့်ဖို့ သေချာနေတဲ့အတွက် ဝင်ငွေကောင်းသူတွေကသာ အသုံးပြုနိုင်မယ့် အနေအထားမှာပဲရှိလိမ့်မယ်လို့ WHO ကမှတ်ချက်ပေးအပ်သွားခဲ့ပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေက covid-19 ကုသကာကွယ်ဆေးများ ထုတ်လုပ်နေပေမယ့် ၂၀၂၀ နှစ်ကုန်လောက်ထိကို ဆေးအလုံးရေ ၂ ဘီလျံလောက်ပဲ ရနိုင်တာကြောင့် လူတိုင်းအတွက် အဆင်ပြေနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးကြောင်း မှတ်ချက်ပေး လက်တွေမှာ ထင်သလောက်မလွယ်သေးတာကြောင့် ၂၀၂၁ ကုန်လောက်ထိ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းပြောပါတယ်။ လက်ရှိမှာ တရုတ်က ဆေး (၃) မျိုးထိ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေပြီး အခြေအနေ ကောင်းနေပါတယ်။
၄) နိုင်ငံလောက်သာ ဆေးကို လိုသလောက် ဝယ်ယူနိုင်အလုံးအရင်း အသုံးပြုနိုင်မှာဖြစ်ပြီး နိုင်ငံပေါင်း (၉၂) နိုင်ငံကတော့ အလှူရှင်တွေကို စောင့်မျှော်ရလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လူမှုအဖွဲ့အစည်းတွေက လှူဒါန်းပေးနိုင်မှ အဆင်ပြေနိုင်မှာဖြစ်လို့ ၂၀၂၂ နှစ်ကုန်ထိ ပုံမှန်ဖြစ်နိုင်သေးမှာမဟုတ်ကြောင်း ပြောရခြင်းလို့ ရှင်းပြသွားပါတယ်။
ဒါကြောင့် ကျန်းမာရေးဝန်ကြီးငှာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရင်း နှာခေါင်းစည်း Mask တပ်ဆင်တာနဲ့ သတ်မှတ်အကွာအဝေး Social Distancing နဲ့ နေထိုင်ဆက်ဆံတာတွေကို လာမယ့် ၂၀၂၁ ခုနှစ်အထိအနည်း ဆုံးထားပြီး လုပ်ဆောင်သွားဖို့ လိုအပ်လိမ့်မယ်လို့ WHO က တိုက်တွန်းနှိုးဆော်သွားခဲ့တာပဲဖြစ်ပါတယ်။
Leave a Reply