ကျောင်းဆရာမ ကို ပြန်ပြီး လက်ထပ်ခွင့် တောင်းတဲ့ အလယ်တန်း ကျောင်းသား

အားလုံးရဲ့ရှေ့မှာ လက်ထပ် ခွင့် တောင်းခဲ့တာပါ။

အလယ်တန်းကျောင်းသားတစ်ဦးဟာ သူ့ရဲ့ဆရာမကို လူအများရှေ့မှာ ပြန်ပြီးလက်ထပ်ခွင့်တောင်းတဲ့ ဖြစ်ရပ်တစ်ခု လူမှုကွန်ရက်မှာ ခေတ်စားလာပါတယ်။


တရုတ်နိုင်ငံက အလယ်တန်းကျောင်းသားတစ်ဦးဟာ သူ့ကိုစာသင်ပေးနေတဲ့ ဆရာမကို လက်ထပ်လက်စွပ်နဲ့ ပန်းစည်းပေးပြီး ဒူးထောက်ကာ ချစ်ခွင့်ပန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ အဆိုပါကျောင်းသားရဲ့ လက်ထပ်ခွင့်တောင်းတာကို ဆရာမက ခါးခါးသီးသီး ငြင်းဆန်နေခဲ့တာတွေ့ရပါတယ်။

” ဆရာမလီ၊ ဆရာမကို ကျွန်တော်ချစ်တယ်။ ကျွန်တော့်ကိုလက်ထပ်ပါ” ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်ကိုလည်း သူ့သူငယ်ချင်းတွေက ကိုင်ပေးထားခဲ့ပါတယ်။ ချစ်ခွင့်ပန်နေခဲ့ပေမဲ့ ဆရာမတော့ ” နင်ငါ့ကို အချိန်တွေလာဖြုန်းမနေနဲ့။ ငါ့မှာ ချစ်သူရှိတယ်” လို့ ပြန်ပြောနေခဲ့တာတွေ့ခဲ့ရပါတယ်။

တရုတ် လူမှုကွန်ရက် Weibo မှာတော့ ဒီကိစ္စကို အမျိုးမျိုး မှတ်ချက်တွေ ပေးနေကြပြီး အချို့ကတော့ အဆိုပါလူငယ်ကို ရဲရင့်တယ်လို့ပြောနေကြပါတယ်။ အချို့ကတော့ ဒီဖြစ်ရပ်ကြောင့် ဆရာမဟာ အဆိုပါကျောင်းသားကို နောက်ဆို အိမ်စာများများပေးတော့မှာ မဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။

ဒါပေမဲ့ အဆိုပါအမျိုးသမီးဟာ တကယ့်ကျောင်းဆရာမ မဖြစ်နိုင်ဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ တကယ့်အလယ်တန်း ကျောင်းဆရာမတစ်ဦးဟာ ဒီလောက်တိုတဲ့ စကပ်ကို ဝတ်ထားတာ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*