စိတ်ဓာတ်အရည်သွေးနိမ့်တဲ့ငနဲတွေကြောင့်မိန်းကလေးတွေတော်တော်ဒုက္ခရောက်ကျပါတယ်

ဒီလိုကိစ္စမျိုးတွေကမိန်းကလေးတော်တော်များများ နေရာတော်တော်များများမှာကြုံတွေ့ဖူးတဲ့ပြဿနာမျိုးပါပဲ။ တစ်ခါတစ်လေကားတွေတိုးမစီးချင်ဘူး …ဘတ်စ်ကားမစီးချင်ဘူး လို့ငြီးနေကြတာကလည်း ဖင်ကောင်းကျယ်လို့ရယ်မဟုတ်ဘူး ဒီလိုလူမျိုးတွေကြောင့်ပဲ စိတ်ဆင်းရဲလို့မိန်းကလေးတွေဘတ်စ်ကားတွေ အများသုံးကားတွေမစီးချင်ကြတော့တာပါ။

အခုလည်းဖိလစ်ပိုင်နိုင်ငံ jeepney ကားပေါ်မှာ ခပ်ချောချောမိန်းကလေးတစ်ယောက်ရဲ့ပုခုံးပေါ်ကိုအရသာခံပြီး မှီချင်တဲ့ အကောင်တစ်ကောင်က အတင်းကို အိမ်ချင်ယောင်တွေဆောင် ဇွတ်တွေငိုက်ပြနေတော့တာပါပဲ။ တကယ်ကိုစိတ်ပျက်စရာမြင်ကွင်းကြီးပါ။ မိန်းကလေးဖြစ်သူက စိတ်ညစ်လာပြီးမျိုးစုံရှောင်ရှားနေခဲ့ပင်မဲ့လည်းဘယ်လိုမှမရတော့တဲ့အဆုံးတော့ကားပေါ်ကနေဆင်းသွားခဲ့ပါတယ်။


အမလေးဒီလိုလည်းဆင်းသွားရော ဟိုငနဲရဲ့မျက်လုံးကြီးကချက်ချင်းကြီးကို ပြူးပြဲသွားတော့တာပါပဲ။ ဒီလိုအရည်သွေးနိမ့်တဲ့ ငနဲတွေကြောင့်တစ်ခါတစ်ရံမိန်းကလေးတွေတကယ်ကြီးကို စိတ်အနှောက်ယှက်ဖြစ်ပြီးနေရခက်တာအသေချာပါပဲ…ဒီလိုရိုင်းစိုင်းတဲ့စော်ကားမှုမျိုးဘယ်နိုင်ငံမှာမှ မဖြစ်ပဲနှမချင်းကိုယ်ချင်းစာနိုင်တာကြပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ်…အောက်ဆုံးက Video မှာ တော့ဖြစ်စဉ်ကိုကောင်းကောင်းကြီးမြင်တွေ့ရမှာပါ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*