အဖေဖြစ်သူကားဝယ်ပေးအောင် Showroom မှာပြသထားတဲ့ ကားအပေါ် ခြစ်ရာပွန်းစေပြီး အတင်းပူစာခဲ့တဲ့ အမျိုးသား (ရုပ်သံ)

လူတိုင်းကတော့ အသက် 18နှစ်ပြည့်ပြီဆိုတာနဲ့ သိတတ်နားလည်မှုရှိတဲ့ လူကြီးတစ်ယောက်အနေနဲ့ အကုန်လုံးကလက်ခံထားကြတာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက် တရုတ်နိုင်ငံ ၊ Shangrao မြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ တကယ့်ကလေးတစ်ယောက်လိုပြုမှုနေတာကတော့ အတော်လေးကိုထူးဆန်းလွန်းပြီး လူပြောများနေလျက်ရှိပါတယ် ။

အသက် 22နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Ji Moubing အမည်ရှိတဲ့ အဆိုပါကောင်လေးဟာ ပြီးခဲ့တဲ့ November 25ရက်နေ့က ကားShowroom တစ်ခုကိုသွားရောက်လည်ပတ်ခဲ့ပါတယ် ။ ထို့နောက် Ji ဟာ နက်ပြာရောင် Sedan ကားကိုအတော်ကြိုက်နှစ်သက်သွားပြီးနောက် အရောင်းဝန်ထမ်းအမျိုးသားကို သူ၏ဖခင်ဖြစ်သူက ယာဉ်မောင်းလိုင်စင်ရရှိခဲ့လို့ဆုချတဲ့အနေနဲ့ သူ့ကိုကားအသစ်တစ်စီးဝယ်ပေးဖို့ သဘောတူညီထားကြောင်း နှင့် ဖခင်ဖြစ်သူနှင့်ဖုန်းဆက်ပြီး ဆွေးနွေးအုံးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ထို့နောက် ဖခင်ဖြစ်သူနှင့် ဖုန်းပြောပြီးနောက် Ji ဟာအတော်လေးကိုစိတ်ဆိုးသွားပြီး ကားသော့ကိုယူကာ ကားရဲ့အနောက်ဖက်တံခါးအပေါ် အစင်ကြောင်းရာ အရှည်ကြီးခြစ်ချပစ်ခဲ့ပါတော့တယ် ။ Ji ဟာ ကားကိုအတော်လေးလိုချင်ခဲ့ပေမဲ့လည်း ဖခင်ဖြစ်သူက ဝယ်ပေးဖို့ငြင်းဆိုခဲ့တဲ့အတွက် အလွန်စိတ်ဆိုးသွားခဲ့ပြီး ဖခင်ဖြစ်သူ ဝယ်ပေးအောင် ယခုကဲ့သို့ကားအပေါ် အစင်းကြောင်းအရှည်ကြီး ခြစ်ချပစ်ခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း Ji ဟာ နောက်ဆက်တွဲအခြေအနေမျိုးကို မစဉ်းစားဘဲ စိတ်လိုက်မှန်ပါလုပ်ခဲ့တဲ့အတွက် အရောင်းဝန်ထမ်းဟာ ရဲစခန်းသို့ချက်ချင်းအကြောင်းကြားပြီး တိုင်းကြားခဲ့ပါတော့တယ် ။ ရဲအရာရှိများ ရောက်ရှိလာခဲ့ချိန်မှာတော့ Ji ဟာ ဘားမှအမှားမလုပ်ခဲ့သော မျက်နှာထားဖြင့် ဖခင်ဖြစ်သူကားဝယ်ပေးအောင် ယခုကဲ့သို့ပြုမှုခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတော့တယ် ။ ထို့နောက် Ji ကို ရဲအရာရှိများက ဖမ်းဆီးထိန်းသိမ်းသွားခဲ့ကြပြီးနောက် အဆိုပါပြစ်မှုအတွက်စုံစမ်းစစ်ဆေးမှုများ ခံယူခဲ့ရပါတယ် ။ နောက်ပိုင် Ji အတွက် အဆိုပါကားကို သူ၏ဖခင်ဖြစ်သူက ဝယ်ပေးခဲ့သလား ဆိုတဲ့တိကျတဲ့သတင်းမျိုးတော့ ထွက်ပေါ်လာခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*