မိန်းမကြောက်ရသည့် အဘိုးအို အိမ်ထောင်ရေး လမ်းညွှန်စာအုပ် ထုတ်ဝေ

ဘာဒင်အန်တိုနီဆိုသည့် အသက် (၇၅) နှစ်အရွယ် အဘိုးအိုတစ်ဦးသည် ဒေါသကြီးသည့် မိန်းမတစ်ဦးကို လက်ထပ် ခဲ့သော်လည်း အိမ်ထောင်ရေးကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် အခြားသူများအတွက် The Squashed Man Who Married A Dragon ဆိုသည့် သာယာပျော်ရွှင် အိမ်ထောင်ရေးဘ၀ လမ်းညွှန်စာအုပ် တစ်အုပ်ကို ရေးသားနိုင်ခဲ့ကြောင်း သိရသည်။

အန်ထော်နီသည် မော်ဒယ်ဟောင်း တစ်ဦးဖြစ်သည့် ဗစ်ကီကို နှစ်ပေါင်း (၅၀) ကျော် လက်ထပ်ခဲ့ပြီး အိမ်ထောင်ရေးကို ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်သည့် လမ်းညွှန်ချက်များကို ရေးသား ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ဗစ်ကီမှာ အသက်(၆၉) နှစ်ရှိပြီ ဖြစ်သည်။

၎င်းက အိမ်ထောင်ရေး အောင်မြင်သည့် လျှို့ဝှက်ချက်များတွင် ၎င်းက အိပ်ရာထဲတွင် လေမလည်ခြင်း၊ မထင်မှတ်သည့် အချိန်များတွင် လက်ဆောင်များ ဝယ်ပေးခြင်း၊ ဇနီးဖြစ်သူနှင့် ရန်ဖြစ်လျှင် ပျော့ပျောင်းစွာ လက်ခံပြီးနောက်မှ အမှားများကို ငြင်သာစွာ ထောက်ပြခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။


“ခင်ပွန်းတစ်ယောက်ရဲ့ အရည်အချင်းတွေ အများကြီးကို ခင်ဗျားတို့ မရနိုင်ဘူး ဆိုတာကို သိတာပိုကောင်းပြီး ငြိမ်းချမ်းပါတယ်။ ကိုယ့်နေရာကို ကိုယ်သိရင်ပဲ ခင်ဗျားတို့ရဲ့သူရဲကောင်းဘဝကို နားလည်လာမှာပါ။ အမျိုးသားတိုင်းဟာ သူတို့အတွက် ပြီးပြည့်စုံမှု အရှိဆုံးမိန်းမကို ရှာတွေ့နိုင်ပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီးမှ မိန်းမတွေမှာ သွားနဲ့ မီးတောက်တွေရှိတယ် ဆိုတာကို သိနားလည်ပြီးမှ ပြီးပြည့်စုံတဲ့ မိန်းမကို ရနိုင်တာ ဖြစ်ပါတယ်”ဟု ဘာဒင်က လမ်းညွှန်သည်။

“၎င်းတို့ စုံတွဲသည် လန့်စ်ရှိ ကလီသာရိုးမှ ဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် လက်ထပ်ခဲ့ပြီးနောက် သမီးနှစ်ဦးနှင့် မြေးလေးဦးတို့ရှိသည်။ မစ္စတာဘာဒင်းက ၎င်း၏ကိုင်တွယ် ထိန်းသိမ်းပုံများကြောင့် ဇနီးဖြစ်သူမှာ အိမ်ထောင်သက် နှစ်များစွာတွင် အလွန် စိတ်ထားကောင်းသည့် လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်လာကြောင်းဆိုသည်။ အဘိုးအို အန်ထော်နီ၏ ဇနီးသည် ဗစ်ကီကလည်း လူတွေကို သူရေးထားသလောက် ကျွန်မက ဆိုးတယ်လို့တော့ မထင်စေချင်ပါဘူး”ဟု ဆိုသည်။ ဘာဒင်က စာအုပ်ကို လက်ထပ်ထားသူ အိမ်ထောင်ရှင်များ အားလုံးအတွက် ရည်ရွယ် ရေးသားထားခြင်း ဖြစ်ကြောင်း ဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*