အချစ်လွန်နေတဲ့မိခင်နဲ့ဆင်ခြင်တုံတရားမရှိတဲ့သမီးရဲ့အမြင်မတော်စရာမြင်ကွင်းကတော့…

သားသမီးကိုချစ်တာကလည်းချစ်တာပေါ့လေ မိဘတိုင်းတော့သားသမီးကိုတုန်နေအောင် ကိုယ့်အသက်ထက်တောင်ချစ်တတ်ကြတာကြီးပါပဲ။ ဒီလိုချစ်တာကနှစ်တာမဖြစ်သွားဖို့တော့လိုပါတယ်။ သားသမီးကိုတကယ်ချစ်ရင် သူတို့အဆင်ပြေအောင်လိုက်လုပ်ပေးနေဖို့ထက် သူတို့ဘဝကိုသူတို့အဆင်ပြေအောင်ရပ်တည်နိုင်ဖို့ပံံ့ပိုးသင်ကြားပေးဖို့ကအဓိကပါ။

တရုတ်နိုင်ငံရှန်ဟိုင်းမြို့ပေါ်ကလမ်းတစ်နေရာမှာ ဆယ်ကျော်သက်အရွယ်ရှိုးစမိုးအပြည့်နဲ့ကောင်မလေးကမိုးရေထဲမှာမိခင်နဲ့စိတ်ပျက်စရာအပြုမူတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ သူမကမတ်တက်ရပ်ထီးဆောင်းထားပြီးသူမမိခင်ကတော့သူမရဲ့ဖိနပ်ကို သုတ်ပေးနေတဲ့မြင်ကွင်းပါပဲ။ မိုးရေထဲမှာ အတော်အတန်အရွယ်ရောက်နေပြီးသားသမီးဖြစ်သူရဲ့ဖိနပ်ကို အားပါးတရသုတ်ပေးတဲ့မိခင်ကတော့အချစ်တွေစေတနာတွေနဲ့သုတ်ပေးနေပင်မဲ့အများအမြင်မှာသိပ်ကိုကြည့်ရဆိုးလှပါတယ်။

ဒီထက်ဆိုးတာကမိဘကလုပ်ပေးနေပါလားဆိုတဲ့အားနာစိတ်မရှိပဲ စင်အောင်သုတ်ပေးကျန်နေသေးတယ်ဘာညာနဲ့ငေါက်စားလုပ်တဲ့ သူ့သမီးရဲ့စကားဟာဖြတ်သွားဖြတ်လာမြင်တွေ့သူတွေရဲ့အမြင်မှာသိပ်ကို ရိုင်းစိုင်းရာကျတာအသေချာပါပဲ။ ဒီသားအမိရဲ့လွဲမှားနေတဲ့အပြုမူကို Video ရိုက်ထားပြီးလူမှုကွန်ရက်ပေါ်တင်ရင်းကနေ အချစ်လွန်ပြီးအတွေးမှားနေတဲ့မိခင်နဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ဆယ်ကျော်သက်မိန်းကလေးရဲ့အပြုမူကို လူတော်တော်များများက မှားယွင်းနေကြောင်းထောက်ပြပြောဆိုကြပါတယ်။

တစ်ချို့ကလည်းသမီးဖြစ်သူကိုမုန်းတီးကြပြီးတစ်ချို့ကလည်းမိခင်ရဲ့အပြုမူတွေလွဲမှားနေကြောင်းအမျိုးမျိုးသောအမြင်တွေနဲ့ဝေဖန်ထားကြပါတယ်…အောက်ဆုံးက Video မှာသားအမိနှစ်ယောက်ရဲ့ အပြုမူတွေကိုမြင်တွေ့ရမှာပါ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*