
အပြင်မှာသွားပြီးအလုပ်လုပ်တာထက် အိမ်မှာ ကလေးထိန်း အိမ်အလုပ်လုပ်ရတာက ပိုပြီး စိတ်ရှုပ်ထွေးရပါတယ်။ တစ်ချို့က အိမ်မှာနေပြီး ကလေးထိန်းရတာလေးကို ငြီးငြူနေလိုက်ကြတာဆိုပြီး တွေးကြပေမယ့် တကယ်တမ်း ကလေးထိန်းကြည့်တဲ့အခါ ထင်သလောက်မလွယ်ပါဘူး။ ညဘက်တွေ အိပ်ရေးပျက်ရပါတယ်။ ကလေး တစ်ခုတစ်စုံဖြစ်သွားမှာစိုးလို့ မျက်စိအောက်က တစ်ချက်လေးတောင် အပျောက်ခံလို့မရပါဘူး။
မနက်ဆိုလည်း စားဖို့သောက်ဖို့ အစောကြီးထရတယ်။ Melanie Darnellဟာ သူမရဲ့ကလေးနဲ့ ညဘက်အတူအိပ်ချိန် ဘယ်လိုကျော်ဖြတ်ရတယ်ဆိုတာကို ဗီဒီယိုနဲ့မှတ်တမ်းတင်ထားပါတယ်။ ဗီဒီယိုလေး ကြည့်ပြီး မိခင်တွေ တော်တောများများလည်း ကိုယ်ချင်းစာမိမှာ သေချာသလို ၊ ကြည့်ရှုသူများအနေနဲ့လည်း မိခင်တွေရဲ့နေရာမှာ နားလည်ပေးနိုင်မယ်ထင်ပါတယ်။
Leave a Reply