လူတစ်ယောက်ရေနစ်နေတယ်ထင်ပြီး စိုးရိမ်တကြီးနဲ့ ဆင်ပေါက်လေးတစ်ကောင် ဘာလုပ်ပေးသွားလဲဆိုတော့

လူသားနဲ့ တိရစ္ဆာန်လေးတွေကြား မေတ္တာတရားကတော့ ကြီးမားလှပါပေတယ်။ လူတွေ ဒုက္ခရောက်နေပြီဆို သူတို့ဘယ်လိုကယ်တင်ရမလဲဆိုတာ သိကြတယ်။ မြစ်ရေထဲမှာ လူတစ်ယောက်ရေကူးနေတာကို Kham Lha ဆိုတဲ့ ဆင်ပေါက်လေးက အမြင်တွေမှားပြီး သူ့စိတ်ထဲ လူတစ်ယောက်ရေနစ်နေတယ်ထင်ပြီး မြစ်ရေကိုဖြတ်ကူးကာ လာရောက်ကယ်တင်ပေးတာတွေ့ရပါတယ်။

ကိုယ်တွေကြည့်ရင်တော့ လူတစ်ယောက်သူ့ဘာသာ ရေကူးနေတယ်ဆိုတာ သိသာပါတယ်။ ၏ဒါပေမယ့် သူလေးကတော့ အစိုးရိမ်တွေလွန်ပြီး ကုန်းပေါ်ပြန်တင်ပေးနေတာတွေ့ရတယ်။

သိတတ်နားလည်ပြီး ချစ်ဖို့ကောင်းတဲ့ ဆင်ပေါက်လေးရဲ့ဗီဒီယိုကို ကြည့်ပြီး အင်တာနက်သုံးစွဲသူများလည်း အတော်လေး သဘောကျခဲ့ရတယ်။ ဒီဆင်တွေဟာ ထိုင်းနိုင်ငံ Elephant Nature Park ဆိုတဲ့ ကလပ်တစ်ခုမှဆင်တွေဖြစ်ပါတယ်။ ဒီကလပ်ကို Kham Lha လေး ၂ဝ၁၅ခုနှစ်မှ စတင်ရောက်ရှိလာခဲ့တာပါ။ ဆင် ထရိန်နာ Darrickနဲ့ သူ့ကြားက ရင်းနှီးမှုဟာ အင်တာနက်သုံးစွဲသူများရဲ့အာရုံကိုအမြဲဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကြည်နူးစရာ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*