
တရုတ်နိုင်ငံရဲ့ ပထမဆုံး ဧကရာဇ် ချင်းရှာ ဟွာဟွန်ဟာ မသေဆေးကို အပူတပြင်း ရှာဖွေခဲ့ကြောင်း ရှေးဟောင်း သုတေသနလုပ်ရာကနေ သိလာရပါတယ်။
စာရွက်တွေ မပေါ်မီ ဝါးချပ်တွေပေါ်မှာ ရေးသားထားတဲ့ စာတွေကို ၂၀၀၂ ခုနှစ်က ဟူနန်ခရိုင်မှာရှိတဲ့ ရေတွင်းတခုရဲ့ အောက်ခြေကနေ ရှေးဟောင်း သုတေသီတွေက တွေ့ရှိခဲ့ရာကနေ ခုလို သိရှိခဲ့တာ ဖြစ်ပါတယ်။
ဘီစီ ၂၁ဝမှာ အသက် ၄၉ နှစ်အရွယ် ဧကရာဇ် ချင်းရှာဟွာဟွန် မကွယ်လွန်ခင်က နိုင်ငံတဝန်းလုံးမှာ ဒီဆေးကို ရှာဖွေဖို့ အမိန့်ပေးခဲ့တာကို ဒေသခံအစိုးရက မရှာဖွေနိုင်ခဲ့တဲ့အကြောင်းကို မှတ်တမ်း တင်ထားခဲ့တာ ဖြစ်ပါတယ်။
ချင်းရှာဟွာဟွန် ဧကရာဇ် ထုလုပ်စေခဲ့တဲ့ မြေထည် စစ်သားရုပ် ၈ထောင်ကျော် အပါအဝင် စစ်သုံး မြင်းရုပ်တွေကို ၁၉၇၀ ကျော်တုန်းကလည်း ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီတွေ့ရှိမှုကလည်း ရှေးဟောင်း သုတေသန သမိုင်းမှာ အင်မတန် အရေးပါ လူသိများခဲ့ပါတယ်။
ဧကရာဇ် ချင်းရှာ ဟွာဟွန်ဟာ တရုတ်နိုင်ငံအတွက်တော့ အထင်ကရများစွာ ထားရှိခဲ့ပြီး သူ့လက်ထက်မှာတော့သြဇာအာဏာကြီးထွားခဲ့ပါတယ်။သူအကြောင်းကို တရုတ်ရုပ်ရှင်မှာသာမက ဟောလီးဝုဒ်ဇာတ်ကားဖြစ်တဲ့ The Mummy 3 ဆိုတဲ့ဇာတ်ကားမှာ ဧကရာဇ်ချင်းရှာအကြောင်းကို ဇာတ်လမ်းနဲ့တွက်ဖက်ရိုက်ကူးထားပါတယ်။ဧကရာဇ်နေရာကိုတော့ ကမ္ဘာကျော်မင်းသားဂျက်လီက ၀င်ရောက်သရုပ်ဆောင်ထားခဲ့တာလည်းဖြစ်ပါတယ်။
Leave a Reply