
ကလေးတွေအတွက် ကျောင်း နေ့လည်စာလေး ကောင်းနေရင် သူတို့စိတ်ထဲအလိုလိုပျော်ပါတယ်။ အရသာရှိတဲ့ နေ့လည်စာဟာ ကလေးတိုင်းအတွက်တော့မဟုတ်ဘူး။ ပိုက်ဆံရှိသားသမီးတွေအတွက် နေ့လည်စာကောင်းကို စားသုံးနိုင်ပေမယ့် နေ့လည်စာအတွက်တောင် မတတ်နိုင်တဲ့ ကလေးတွေဟာသိမ်ငယ်ရပါတယ်။
ဖေ့စ်ဘွတ်သုံးစွဲသူ Jennifer Bahaghari Paje ရဲ့ပို့စ်မှာ ကျောင်းသားငယ်လေးတစ်ဦး သစ်ပင်အောက်မှာတစ်ယောက် ထမင်းစားနေတာတွေ့ရပါတယ်။ ပိုပြီး စိတ်မကောင်းစရာကောင်းတာက ကလေးစားတဲ့ ထမင်းချိုင့်မှာ ဟင်းကောင်းကောင်းတစ်ခုမှ မပါတာပါပဲ။ သူ့မှာ သူငယ်ချင်းမရှိလို့ သစ်ပင်အောက်မှာ ဒီလိုလာစားနေရတာဖြစ်ပါတယ်။
ဒီကျောင်းသားဟာ ဖိလစ်ပိုင်နိုင်ငံရှိ Butuan မြို့က မူလတန်းကျောင်းမှဖြစ်ပြီး သူ့ရဲ့ထမင်းဘူးကြောင့် အခြား ကျောင်းသားတွေနဲ့ ထမင်းအတူစားရမှာရှက်တယ်တဲ့။ လူလူချင်း အတူတူ ဒီလိုမျိုး အစားသောက်ကြောင့် ခွဲခြားဆက်ဆံရတာမျိုးမလိုလားတဲ့အတွက် အခုပို့စ်ကို Jenniferက တင်ရတာဖြစ်ပါတယ်။ ဒီကလေးမှာလည်း အခြားကလေးတွေနဲ့ သူငယ်ချင်းတွေဖြစ်ပိုင်ခွင့်ရှိသလို ၊ ကစားနိုင်မှာပေါ့။ ဟင်းမကောင်းရင်တောင် အနည်းဆုံး ကလေးဘဝကိုတော့ သူပျော်ပျော်ပါးပါးဖြတ်သန်းသင့်တယ်။
Jennifer ရဲ့ ပို့စ်လေးကြောင့် အင်တာနက်သုံးစွဲတွေကြား ပျံနှံ့သွားပြီး ဒီကလေးနဲ့ ထမင်းအတူတူလာစားပေးတဲ့ ကျောင်းသာလေးတွေလည်း ရှိလာပြီလို့သိရပါတယ်။ ဝမ်းသာစရာပါပဲနော် ။
Leave a Reply