မြင်းစီးပြီး အလှဓာတ်ပုံရိုက်တဲ့သတို့သမီး မြင်းပေါ်ကနေ ကျွမ်းတစ်ပတ်လည်ပြီး ပြုတ်ကျ

အမေရိကန် နယူးဂျာစီပြည်နယ်က Oakland မှာ နေထိုင်တဲ့ Sue Allegretta အမည်ရတဲ့ အမျိုးသမီးဟာ ၎င်းရဲ့ မင်္ဂလာပွဲမှာတော့ သူများနဲ့မတူ ထူးခြားတဲ့ ဓာတ်ပုံတွေဖန်တီးဖို့ အကြံအစည်ရှိခဲ့ပါတယ်။ Sue ဟာ သူငယ်ချင်းအမျိုးသမီး Mackenzie Vulgaris နဲ့အတူ သတို့သမီးဝတ်စုံကို ကျကျနနဝတ်ပြီး ဒဏ္ဍာရီလာသတို့သမီးလေးဘဝကို စိတ်ကူးခဲ့ပုံရပါတယ်။


သတို့သမီး Sue ဟာ မြင်းစီးလည်း ဝါသနာပါသူဖြစ်ပြီး ရေကန်ထဲကို လှလှပပ မြင်းလေးနဲ့ ဖြတ်ပြီးစီးခဲ့ပါတယ်။ သဲသောင်ကို ကျော်တဲ့အထိ မြင်းက ဗေမဖောက်သေးဘဲ၊ ရေကန်အစပ်ကို ရောက်တဲ့အထိလည်း အဆင်ပြေနေပါသေးတယ်။


ရေကန် အလယ်ကို ရောက်ကာမှာ Sue စီးလာတဲ့ မြင်းက လှလှပပလေး ခါချခဲ့လို့ဘေးကို ရုတ်ပျက်ဆင်းပျက်နဲ့ ပတ်လတ်အနေအထားနဲ့ ကျွမ်းပြန်ကာ လန်ကျခဲ့ပါတယ်။ဒါကိုလည်း မင်္ဂလာပွဲဓာတ်ပုံဆရာက မရမက မှတ်တမ်းတင်ခဲ့ပြီး မင်္ဂလာပွဲအတွက်တော့ တကယ့်အမှတ်တရ ကောင်းပါဘဲ။

သူမရဲ့ သူငယ်ချင်း Vulgaris က ” Sue စီးတဲ့မြင်းထီးလေးက … ရေကိုချစ်ပါတယ် … ရေထဲရောက်တော့ ပျော်ပြီး လည်ဆံမွှေးတွေကို ခါခဲ့တာပါ … ဒါက သူမကို ခါချသလို ဖြစ်သွားစေခဲ့ပါတယ် .. အမှတ်တရကောင်းတစ်ခုပါဘဲ “လို့ ဖွင့်ဟခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*