စုံတွဲအများစုမက်ခဲ့ကြတဲ့အိပ်မက်ကို တကယ်အကောင်အထည်ဖော်ခဲ့ကြတဲ့စုံတွဲလေး

တစ်ခါတစ်လေချစ်သူစုံတွဲလေးတစ်ချို့မှာ မင်္ဂလာဆောင်ပြီးရင် ခရီးတွေအများကြီးထွက်ကြမယ်၊လျှောက်သွားကြမယ်ဆိုတဲ့အိပ်မက်လေးတွေရှိကြပါတယ်။ဒီလိုအိပ်မက်ရှိကြတဲ့စုံတွဲလေးတွေထဲကမှ Matt နဲ့ Jessica Johnson ဆိုတဲ့စုံတွဲလေးဟာ တကယ်ကြီးအကောင်အထည်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။


Matt နဲ့ Jessica Johnson ဟာ လက်ထပ်ပြီးချိန်မှာသူတို့ရဲ့အိမ်တွေကိုရောင်းချ၊အောင်မြင်နေတဲ့သူတို့ရဲ့စီးပွားရေးအလုပ်တွေကိုစွန့်လွှတ်ပြီး ကိုယ်ပိုင်ဇိမ်ခံရွက်လှေလေးဝယ်ယူခဲ့ကြပါတယ်။ပြီးတော့ သူတို့ရဲ့ကြောင်လေး George နဲ့အတူ ကမ္ဘာတစ်ဝန်းရွက်လွှင့်ခဲ့ကြပါသတဲ့။သူတို့ရဲ့မိသားစုတွေ၊သူငယ်ချင်းမိတ်ဆွေတွေက သူတို့ဒီလိုလုပ်ပစ်မယ်မှန်းလုံးဝကိုမထင်ထားခဲ့ကြတာလို့လည်းသိရပါတယ်။

 

ဒီလိုစိတ်တူကိုယ်တူ ရွက်လွှင့်ခဲ့ကြတဲ့စုံတွဲလေးက ဘယ်အချိန်ကစလို့ဒီလိုစိတ်ကူးရှိခဲ့တာလဲဆိုတော့ Jessica က “၂၀၀၇ တုန်းက ကျွန်မတို့မီချီကန်မှာအနားယူနေကြတုန်း Matt က လှေတွေကိုသေချာစေ့စေ့စပ်စပ်ကြည့်နေတာ သတိထားမိခဲ့ပါတယ်။အဲ့ဒီမှာသူက ကျွန်မကို လှမ်းကြည့်ပြီး “အိမ်တစ်လုံးဝယ်မလား ဒါမှမဟုတ် လှေတစ်စီးပဲဝယ်ကြမလား ဘယ်ဟာပိုကောင်းလဲ”ဆိုပြီးမေးခဲ့ပါတယ်။

ကျွန်မတို့နှစ်ယောက်လုံးနွေရာသီကိုရေထဲမှာပဲဖြတ်သန်းဖို့ဆုံးဖြတ်ချက်ချခဲ့တာပေါ့။၂၀၁၁ ဇွန်မှာ ကျွန်မတို့အိမ်ကိုရောင်းလိုက်တယ်။ပြီးတော့ ကျွန်မတို့ရဲ့ဘဝတွေကိုပြောင်းလဲစေမယ့်ခရီးတစ်ခုခုကိုသွားဖို့ဆုံးဖြတ်လိုက်တယ်”ဆိုပြီး ခရီးတွေထွက်လာကြတာ ၂၀၁၅ ထိ နိုင်ငံ ၁၆နိုင်ငံကို လှည့်ပတ်သွားလာခဲ့ပြီးပြီလို့သိရပါတယ်။

အခုချိန်ထိသူတို့ရဲ့ရွက်လွှင့်သွားလာမှုဟာ မပြီးဆုံးသေးပါဘူး။သူတို့မှာ ဘယ်အချိန်ရပ်မယ်၊ဘယ်အချိန်ပြန်မယ်ဆိုတာတွေမရှိပဲ နှစ်ယောက်သားစိတ်တူကိုယ်တူနဲ့ကမ္ဘာတစ်ဝန်းရွက်လွှင့်ဖို့၊ခရီးအတူသွားကြဖို့ပဲ စိတ်ကူးရှိနေပါတယ်။ပြောရမယ်ဆိုရင် အိမ်တွေရောင်း၊အလုပ်တွေကိုထားပစ်ခဲ့ပြီးဒီလိုသွားပစ်လိုက်ဖို့ဆိုတာအတော်လေးသတ္တိရှိလို့ပါပဲ။သူတို့အတွက်အချိန်ကာလက အရေးမကြီးဘူးဖြစ်နေတာပါ။သူတို့စုံတွဲရဲ့ကြည်နူးစရာပုံရိပ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*