အဘိုးဆီက လုယက်သွားသူ ၄ဦးကို တားဆီးဖို့ကြိုးစားခဲ့တဲ့ ၈နှစ်အရွယ်မိန်းကလေးရဲ့သတ္တိ (ရုပ််််သံ)

ဖိလစ်ပိုင်နိုင်ငံ Cavite မြို့က ရပ်ကွက်တစ်ခုမှာ လုယက်သူ ၄ဦး အဘိုးတစ်ယောက်ဆီက တန်ဖိုးရှိပစ္စည်းတွေကို လုယက်ပြီးထွက်ပြေးခဲ့ပါတယ်။

အိမ်အနီးနားက လူတွေကလည်း လုနေတာမြင်နေပေမယ့် ထိုလူတွေမှာ သေနတ်ပါနေတော့ အနောက်ဆုတ်နေရတယ်။ အဲ့ဒီအချိန်မှာ အလုခံရသူရဲ့ အသက် ၈နှစ်အရွယ်မြေးမလေးက အလစ်သုတ်ပြေးတဲ့လူ ၄ယောက်ကို မကြောက်မရွံ့နဲ့ တားဆီးခဲ့ပါတယ်။

အဲ့ဒီလူတွေ ယူပြေးတဲ့ အိတ်ကိုတောင် ကလေးက ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် ယောကျ်ားတွေနဲ့ယှဉ်တော့ ကလေးလည်း မြေပြင်ပေါ်လဲကျပြီး လက်ထဲက အိတ်ထုတ်လည်း ပြန်ပါသွားပါတယ်။

ဇွဲမလျော့သေးဘဲ ထိုလူတွေနောက်ကို ပြေးလိုက်ခဲ့ပါသေးတယ်။ လုယက်သူများကတော့ လွတ်သွားပြီး ကလေးခေါင်းမှာ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အဘိုးနဲ့အဘွားကတော့ ဒီကလေးမလေးကို နောက်တစ်ခါ မကြောက်မရွံ့ ဝင်မဆွဲဖို့ သတိပေးပါတယ်။

ကံကောင်းလို့ ခေါင်းပဲဒဏ်ရာ အနည်းငယ်ရသွားတာ ကျေးဇူးတင်ရပါမယ်။ စီစီတီဗီမှာတော့ ဒီကလေးမလေးရဲ့သတ္တိက ချီးကျုးစရာပါပဲ။ ကြည့်ရှုသူအားလုံးကလည်း ဒီကလေးလုပ်ရပ်ကို ဂုဏ်ပြုခဲ့ကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*