
Lerine Yeo အမည်ရှိတဲ့အသက်၃၀အရွယ်စင်ကာပူနိုင်ငံကအမျိုးသမီးဟာ အဝတ်စားတွေကို ရောင်းရင်းကိုယ်ပိုင် Online shop လုပ်ကိုင်နေသူတစ်ဦးပါ။ သူမရောင်းချမဲ့အဝတ်တွေကိုအွန်လိုင်းပေါ်တင်ပြီးကြော်ငြာတဲ့အခါမှာတစ်ခြားအွန်လိုင်း Shop တွေနဲ့မတူတဲ့အချက်ကတော့အရမ်းကိုရယ်စရာကောင်းနေတာပါပဲ။
အဝတ်စားသစ်တစ်ခုခုကိုစတင်မိတ်ဆက်တာနဲ့ သူပြောတဲ့ Live တွေ Videos တွေကိုကြည့်ပြီးလူတွေမှာမရယ်ပဲမနေနိုင်ကြပါဘူး။ ဈေးရောင်းသလိုကြီးပဲ ရောင်းတာမဟုတ်ပဲ ဟာသဉာဏ်လေးသုံးပြီးရောင်းချတာကြောင့် လူတိုင်းကသူ့အွန်လိုင်း Shop ကိုစိတ်ဝင်းစားကြတာတော့အမှန်ပါပဲ။
စီးပွားရေးသမားပီသပြီးဉာဏ်ကောင်းတယ်လို့ဆိုရမလားပဲ…ဘယ်လိုဖောက်ထွက်ရမယ်ဆိုတာကိုသိနေတာကတော့ လေးစားစရာပါပဲ…ကဲသူမဘယ်လိုတောင်ရယ်ရလဲဆိုတာ အောက်က Videos လေးတွေမှာကြည့်လိုက်ကြပါအုံး…
Leave a Reply