ရုပ်လေးလည်းလှတယ် ၊ အသက်လေးလည်းငယ်တယ် ဒါပေမဲ့ စိတ်ဓာတ်လေးတော့ပြင်ဖို့လိုနေတဲ့ မိန်းကလေးရဲ့အဖြစ်

ထိုင်းနိုင်ငံ Pattaya မြို့မှာနေထိုင်ပြီး Bar တစ်ခုမှာ အလုပ်လုပ်ကိုင်နေခဲ့တဲ့ မိန်းကလေးဟာ Big C စတိုးဆိုင်မှ ကုန်းပစ္စည်းများကိုခိုးယူခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။ အဆိုပါပြစ်မှုကို ည 11:30 အချိန်ခန့်မှာ ကျူ းလွန်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ သူမဟာ အသက် 20 အရွယ်သာ ရှိသေးပြီး ၊ သူမ ခိုးယူခဲ့တဲ့ ကုန်ပစ္စည်းတန်ဖိုးမှာ 3,500 baht တန်ဖိုးရှိကြောင်းသိရှိရပါတယ် ။

သူမဟာ ဘီယာ Bar တစ်ခုမှာအလုပ်လုပ်ကိုင်နေခဲ့ပြီး ၊ စီးပွားရေးအဆင်မပြေသည့်အပြင် Bar မှာရှိတဲ့သူငယ်ချင်းများက သူမကိုပစ္စည်းများခိုးယူရန်အတွက် အတင်းအနိုင်ကျင့်တိုက်တွန်းခဲ့၍ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ် ။ သူမဟာ ခိုးမှုဖြင့် အဆိုပါညမှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။

လူအများစုကတော့ သူမကိုအသက်ငယ်ရွယ်နေသေးတဲ့အတွက် ကြိုးစားလျှင်အရာအားလုံးအဆင်ပြေနိုင်ကြောင်း နှင့် ဘဝမှာတစ်ကြိမ်တစ်ခါတော့ မှားယွင်းနိုင်ကြောင်း သူမကိုမျိုးစုံဝန်းရံပြီး အားပေးစကားများပြောပေးခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*