မျက်ရည်တစ်ခါသုပ်ပေးလျှင် ဒေါ်လာ ၈၀ ရတဲ့ ဂျပန်က အမျိုးသားများ

ဂျပန်နိုင်ငံမှာ Ikemeso လို့အမည်ရတဲ့ ကုမ္ဗဏီမှာ လူငယ် ဂျပန်ကောင်လေး ချောချောလေးများ အလုပ်လုပ်ပါတယ်။ သူတို့ရဲ့ တာဝန်က မိန်းကလေးများ ခေါ်တဲ့အခါ သွားရောက်လို့ မျက်ရည်သုပ်ပေး စကားပြောပေးရန်သာ ဖြစ်ပြီး တစ်ခါသွားတိုင်း ဒေါ်လာ ၈၀ ရရှိပါတယ်။

ဂျပန်မှာ လူတိုင်း အလုပ်များပြီး Stress တွေများနေတဲ့အချိန် စိတ်ထွက်ပေါက် အမျိုးမျိုး ရှာကြရာ အမျိုးသမီးများအတွက် စိတ်ထွက်ပေါက်ရှာရန် နည်းလမ်းဟာ နည်းပါးကြောင့် ယင်းလုပ်ငန်း တည်ထောင်သူက ပြောပါတယ်။ ဒါကြောင့်မို့ သူဟာ ယင်း စီးပွားရေး လုပ်ရန် အိုင်ဒီယာရသွားပြီး တည်ထောင်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကို ရည်ရွယ်ပြီးတော့ ဖန်တီးတဲ့ စီးပွားရေး ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းမှာ အဆင်မပြေလို့ပဲ ဖြစ်ဖြစ် စိတ်ညစ်လို့ပဲ ဖြစ်ဖြစ် မျက်ရည်ကျတဲ့အခါ သူတို့ကို လှမ်းခေါ်နိုင်ပြီး ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာလို့ မျက်ရည် သုပ်ပေးပါလိမ့်မယ်။ ပြီးတော့ မိန်းကလေးပြောတာကို နားထောင်ပေးပြီး နှစ်သိမ့်စကားအနည်းငယ် ပြောပေးပါတယ်။

အဲ့ဒီတော့ အမျိုးသမီးက ဝန်ဆောင်ခ အနေနဲ့ ဒေါ်လာ ၈၀ ပေးဝန်းကျင်လောက် ပေးရမှာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*