အစာစားပြီးချင်း ထမင်းလုံးစီဖို့ လှဲလျောင်းအိပ်စက်တဲ့အကျင့်က ဒီလို ကြောက်စရာ ဆိုးကျိုးတွေဖြစ်စေပါတယ်

လူတွေတော်တော်များများက ထမင်းစား အစာစားပြီးနောက် ထမင်းလုံးစီတယ်ဆိုပြီး ဇိမ်ယူတတ်ကြပါတယ်။ ဗိုက်ပြည့်သွားရင် အိပ်ငိုက်တာနဲ့ပဲ တရေးတမောလောက် အိပ်လိုက်တာမျိုး လုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီအမူအကျင့်က ဆိုးကျိုးတွေ အများကြီးဖြစ်စေတာမို့ မကောင်းတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။ ထမင်းစားပြီး လှဲအိပ်လိုက်ရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာ ကြည့်လိုက်ရအောင် ။

 

လည်ချောင်း သို့မဟုတ် ရင်ခေါင်းပူတာ

 


အစာစားပြီး တန်းလှဲအိပ်လိုက်ရင် အာခေါင်ခြောက်တာ ရင်ပူတာ ဖြစ်စေပါတယ် ဘာလို့လဲဆိုတော့ အစာစားလိုက်ရင် အစာချေဖျက်ဖို့ အစာအိမ်က အက်ဆစ်တစ်မျိုးကို ထုတ်ပေးပါတယ်။ လှဲလျောင်းလိုက်ခြင်းဖြင့် အစာချေရည် အက်ဆစ်ရည်တွေက အစာအိမ်ထဲကနေ ဖြတ်ပြီး အစာလည်မျိုပြွန်ကနေ ထွက်လာနိုင်တာမို့ ရင်ပူတာ အာခေါင်ပူတာတွေ ခံစားရတာဖြစ်ပါတယ်။

 

အိပ်မပျော်ခြင်း


မအိပ်ခင် အစားတွေအများကြီးစားထားပြီး တန်လှဲမယ်ဆိုရင် အိပ်မပျော်တတ်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အစာတွေစားပြီးရင် အပြည့်အ၀အစာချေခြင်း ဆက်လက်လုပ်ဆောင်နေရတာကြောင့် ဇီ၀ ဖြစ်စဉ်အတွင်း စိတ်ကနိုးကြားတက်ကြွနေတာမျိုး ရှိတတ်ပါတယ် ။ ဒါအပြင် ရင်ပူတာ ၊ အနေရခက်တာတွေကြောင့် ဖြစ်နိုင်သလို မိမိစားတဲ့အစားအသောက်က အိပ်မပျော်စေတဲ့ အစားအသောက်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

အိပ်မက်ဆိုးမက်တယ်

ပြောခဲ့သလို ဇီ၀ ဖြစ်စဉ် လုပ်ဆောင်နေတဲ့အခါ ဦးနှောက်က အနားမပေးပဲ နှိုးကြားနေတတ်ပါတယ်။ ဒီလိုအချိန်မှာ REM (အိပ်မက်မက်ဖြစ်စဉ် အများဆုံးဖြစ်ပေါ်ချိန်လည်း တပြိုင်နက်ရောက်ရှိသွားမယ်ဆို ရှုပ်ထွေးမှု ဖြစ်ပေါ်စေတာကြောင့်ပါ။ ဒါကြောင့် အိပ်မက်ဆိုးမက်တတ်သူများ အစာစားပြီးချင်း အိပ်တာ သို့မဟုတ် အိပ်ခါနီး အစာအများကြီးစာတာတွေကို ပိုပြီး ရှောင်ရှားသင့်ပါတယ်။

 

ဆီး ခဏခဏသွားမယ်


တချို့က ညဘက် ဆီးခဏခဏသွားတတ်တဲ့ အကျင့်ရှိပါတယ်။ ဆီးအိမ် နှင့်ပက်သက်တဲ့ရောဂွ ဆီးချိုရောဂါ ဒါမှမဟုတ် ဆေးဝါးကြောင့်လည်း ဖြစ်တတ်သလို သင်စားသောက်တဲ့ အစားအသောက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကဖိန်းဓာတ်များတဲ့အစားအသောက်တွေ အချိုကဲသော မုန့်သရေစာကြောင့် ခဏခဏဆီးသွားနိုင်ပါတယ်။ အိပ်ရေးပျက်မယ် ဒဏ်မခံနိုင်ရင်တော့ ဒီတွေ အများကြီးစားပြီး အိပ်တာကို ဆင်ခြင်ပါနော်။

ဝိတ်တက်မယ်

စားပြီးတန်းလှဲအိပ်တာက ခန္ဒာကိုယ် ကယ်လိုရီလောင်ကျွမ်းဖို့ အဟန့်အတား ဖြစ်စေပါတယ်။ အဆီပိုတွေကတော့ တက်သထက် တက်လာမှပါပဲ ။ ဆိုတော့ အစာစားပြီး ချက်ချင်းအိပ်ယာဝင်တာမလုပ်ဖို့နဲ့ မနေနီုင်ဘူးဆိုရင်တော့ စားတဲ့ ပမာဏသာလျှော့လိုက်ပါ။

ကဲ ဒါဆိုရင် အစာစားပြီး ဘယ်လောက်ကြာအောင် စောင့်ပြီးမှ အိပ်သင့်လဲ ကြည့်ရအောင် ….

 

ရင်ပူတာ အိပ်မပျော်တာတွေ အစာချေတာတွေ အတွက် လုံလောက်တဲ့အချိန်ကတော့ (၃) နာရီလောက် လိုအပ်ပါတယ်တဲ့ ။ ဒါကြောင့် အလွယ်ပြောရရင် ညနေစာကို အစောဆုံး ည ၆နာရီမှာ နောက်ဆုံးစားသင့်တယ်လို့ ပညာရှင်များ အကြံပြုထားကြတာဖြစ်ပါတယ်။

ref:fooddoc

Be the first to comment

Leave a Reply

Your email address will not be published.


*