ရေနစ်နေတဲ့သူငယ်ချင်းကို ကူကယ်ရမဲ့အစား video တွေသာရိုက်ကူးနေကြတဲ့ သူငယ်ချင်းအုပ်စု

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ November 15 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး Jaffer Ayub အမည်ရှိတဲ့ အသက် 19နှစ်အရွယ်ကောင်လေး နှင့် သူ၏ သူငယ်ချင်းနှစ်ယောက်တို့မှာ အိန္နိယနိုင်ငံ ၊ Karnataka ပြည်နယ်မှာရှိတဲ့ မြစ်ချောင်းမှာ ရေးကူးခဲ့ကြတာဖြစ်ပါတယ် ။ အစပိုင်းမှာတော့ Ayub ဟာ ရေရဲ့အတိမ်အနက်ကို မလေ့လာပဲ ယုံကြည်ချက်ရှိရှိ မြစ်ကမ်းပါးကနေဒိုင်ပင်ထိုးချပြီးနောက် မီတာအနည်းငယ်ခန့်ရေကူးခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း မြစ်ကမ်းပါးစီသို့ပြန်ကူးလာခဲ့တဲ့အချိန်မှာတော့ Ayub ဟာအလွန်မောပန်းနေခဲ့ပြီး ကမ်းပါးပေါ်ပြန်တက်ဖို့အားအင်လုံးဝမရှိတော့တဲ့အထိပါပဲ ။ အသက်ရှုနိုင်ဖို့အတွက် အတော်လေးကိုရုန်းကန်နေခဲ့ရပြီး ကမ်းစပ်မှာရပ်ကြည့်နေခဲ့တဲ့ သူငယ်ချင်းမှာလည်း ခဏတစ်ဖြုတ်သာ လက်လှမ်းပေးပြီးနောက် ကမ်းပေါ်အထိပြန်မဆွဲတင်ပဲ ဒီအတိုင်းသာပြန်ရပ်ကြည့်နေခဲ့ပါတယ် ။

ထို့အပြင် အဖြစ်အပျက်တစ်ခုလုံးကို video ရိုက်ကူးနေခဲ့တဲ့ သူငယ်ချင်းမှာတော့ လုံးဝကိုလက်လှမ်းပြီးကူညီပေခြင်းမျိုးမရှိခဲ့ပါဘူး ။ နောက်ဆုံး Ayub ဟာ ရေမျက်နှာပြင်ကနေပျောက်ကွယ်သွားပြီး ရေအောက်သို့နှစ်မြုပ်သွားခဲ့ချိန်မှ သူငယ်ချင်းဖြစ်သူတွေဟာ အခြေအနေကိုသဘောပေါက်ပြီး Ayub ကိုရေထဲကနေ ကူဆယ်ပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း အချိန်လွန်သွားခဲ့ပါပြီ ၊ Ayub ဟာလည်း အသက်မရှိတော့ပါဘူး ။

ယခုချိန်မှာတော့ အဆိုပါအဖြစ်အပျက်ကို ရဲအရာရှိများက စုံစမ်းစစ်ဆေးနေပြီး ၊ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းဖြစ်သူ ရေနစ်နေမှန်းသိလျက်နဲ့ ကူညီကယ်ဆယ်ပေးဖို့ အတော်လေးကိုတွန့်ဆုတ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်လုံးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*