အလုပ်လျှောက်လွှာကို လိမ်ရေးခဲ့လို့ ထောင်(၂)နှစ်ကျသွားတဲ့ အမျိုးသမီး

အမျိုးသမီးတစ်ယောက်ဟာ အစိုးရအလုပ်တစ်ခုမှာ အလုပ်ကိုင်အခွင့်အလမ်း ကောင်းစေဖို့အတွက် လျှောက်လွှာမှာ လိမ်လည်ဖြည့်သွင်းခဲ့တာကြောင့် အခုဆိုရင် ထောင်ဒဏ်ကျခံနေရပြီလို့ သိရပါတယ်။ သူမရဲ့အမည်မှာ Veronica Hilda Theriault လို့ သိရပြီး အသက်(၄၆)နှစ်ပါ။


Hilda ဟာ CV ကို လိမ်လည်ရေးသားခဲ့တာဖြစ်ပြီး၊ လိမ်လည်မှုတွေထဲမှာ သူမ တကယ်မရခဲ့တဲ့ လစာခွန်ဝင်ငွေခွန်ရှင်းတမ်းတွေ၊ ဆရာဝန်မှတ်ချက်တွေကိုလည်း အတုပြုလုပ်ခဲ့ပါတယ်။ သူမဟာ South Australian က အစိုးရအလုပ်ကို ဝင်ရောက်လျှောက်ထားခဲ့တာဖြစ်ပြီး၊ တစ်လကို အမေရိကန်ဒေါ်လာ (၃၃၀၀၀) ရနိုင်ကြောင်း သိရပါတယ်။

Hilda ဟာ Western Australia ဇာတိဖြစ်ပြီး၊ (၂၀၁၇)ခုနှစ်က Department of Premier and Cabinet (DPC) မှာ အလုပ်ရဖို လိမ်လည်လျှောက်ထားခဲ့တာပါ။ ကံကောင်းထောက်မစွာပဲ သူမဟာ အဲဒီဌာနမှ Refree အလုပ်ရခဲ့ပါတယ်။ ဒါပေမယ့် တစ်လအကြာမှာ လိမ်ထားသမျှ အကုန်ပေါ်ပါတော့တယ်။

လှည့်စားမှုတွေထဲမှာ တစ်ခုကတော့ Hilda ဟာ အစိုးရတာဝန်ရှိသူတွေထံကို သူမရဲ့အမည်စာရင်း တင်သွင်းတဲ့အခါ ယခင်က Refree အဖြစ် ဆောင်ရွက်ခဲတဲ့ အမျိုးသမီးရဲ့အမည်ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ စွမ်းဆောင်ရည်တွေကို ရီပို့တင်တဲ့အခါမှာ သူမရဲ့လိမ်လည်မှုတွေကို ထိန်းထားလို့ မရတော့ပါဘူး။

Hilda ဟာ သူမအနေနဲ့ ဒီလိမ်လည်မှုတွေအားလုံးမှာ အဖြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ တရားရုံးက သူမကို ထောင်ဒဏ်(၂၅)လ ချမှတ်ခဲ့ပါတယ်။ သူမရဲ့လိမ်လည်မှုတွေဟာ ပိရိသော်လည်း သက်ဆိုင်ရာက ချက်ချင်းရိပ်မိခဲ့တာကြောင့် အစိုးရဘဏ္ဍာရေး နစ်နာမှုအပိုင်းမှာ သက်သာသွားခဲ့ရတာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*