ဒုက္ခိတဘဝဖြစ်နေတာတောင် သူများတွေအတွက်စေတနာ့ဝန်ထမ်းလုပ်ဖို့ဝန်မလေးခဲ့သူကြီး….

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Paco လမ်းမပေါ်မှာ ကားတွေကို သွားလာလွယ်ကူဖို့အဆင်ပြေအောင်ကူညီနေတဲ့ စေတနာ့ဝန်ထမ်းဦးလေးကြီးတစ်ယောက်ရှိနေပါတယ်။ ဒီလူကြီးဟာ နိုင်ငံတော်ကနေတာဝန်ပေးအပ်ထားတဲ့သူလည်းမဟုတ်သလို မော်တော်ပီကယ်လည်းမဟုတ်ပါဘူး။ ဒါပင်မဲ့ ကားတွေအကြပ်တည်းဖြစ်တဲ့အခါကူညီပေးဖို့လူမရှိတဲ့ဒီလိုလမ်းအတွက်တော့ ကျေးဇူးရှင်ကြီးတစ်ယောက်ပါပဲ။

အံ့သြစရာက ဒီဦးလေးကြီးက ဒုက္ခိတတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။ ကားတွေချောင်ချောင်ချိချိနဲ့ အဆင်ပြေပြေအန္တရာယ်ကင်းကင်းသွားနိုင်ဖို့လမ်းမပေါ်မှာနေပူမရှောင်မိုးရွာမရှောင် ကားလမ်းပြကြီးအဖြစ် ပျော်ပျော်ကြီးကိုတာဝန်ယူလုပ်ဆောင်နေတာကိုသူပြောနေတာပါ။ ဒါကို လေးစားမိတဲ့ကားသမားတွေဟာ ကြုံရင်ကြုံသလို ဒီဦးလေးကြီးကိုမုန့်ဖိုးပဲဖိုးတွေပေးသွားတတ်ကြပါတယ်။

ဘယ်လောက်ရမှလုပ်မယ်ဆိုတာမျိုးမဟုတ်ပဲ ဘယ်သူပေးပေးမပေးပေး နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့တာဝန်ယူပြီးလုပ်ဆောင်နေတဲ့သူတစ်ဦးပါ။ တစ်ချို့သိတဲ့သူတွေပြောစကားအရတော့ ဒီဒုက္ခိတဦးလေးကြီးနဲ့သူ့မိန်းမဟာ သူတို့လမ်းပြပြ နေတဲ့ကားလမ်းကြီးနဲ့နီးတဲ့ရက်ကွက်တစ်ခုမှာနေထိုင်းရင်းအိမ်ခြေယာမဲ့လို့သိရပါတယ်။ အိမ်ခြေယာမဲ့ဖြစ်လို့ နေစရာမရှိ၊ ဒုက္ခိတဖြစ်နေတာတောင်သူများကိုကူညီဖို့ စိတ်အားထက်သန်နေတာကဂုဏ်ယူစရာပါပဲ။

တစ်ချို့တာဝန်ရှိပုဂ္ဂိုလ်တွေတောင်အသပြာရမှ ကူညီပေးတတ်ချင်ကြပင်မဲ့သူလိုလူမျိုးကတော့ အပြုံးချိုချိုလေးနဲ့လမ်းရှင်းပေးနေရတာကိုပျော်နေသူကြီးပါ…နောင်ဘဝများရှိခဲ့ရင် အခုလိုကူညီရတဲ့အကျိုးတွေပြန်လည်ခံစားရပါစေ ဦးရေလို့ပဲ ဂုဏ်ယူစွာနဲ့ဆုတောင်းပေးလိုက်ချင်ပါတယ်…

 

Be the first to comment

Leave a Reply

Your email address will not be published.


*