စားသောက်ဆိုင်မှာ တစ်ယောက်တည်းမွေးနေ့ပွဲကျင်းပနေတဲ့ အဒေါ်ကြီးအတွက် ကောင်လေးတစ်ယောက်ရဲ့လုပ်ရပ်

မွေးနေ့ပွဲကျင်းပတယ်ဆိုတာက ကိုယ့်ရဲ့ဆွေမျိုး ၊ မိတ်ဆွေ ၊ မိသားစုတွေ စုံစုံလင်လင်နဲ့ကျင်းပကြတဲ့ ပွဲတစ်ခုပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ အန်တီ Wang အမည်ရှိတဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ပြီးခဲ့တဲ့ November 27 ရက်နေ့က သူမရဲ့မွေးနေ့ပွဲကိုတစ်ယောက်တည်း ကျင်းပခဲ့ပါတယ် ။

သူမမှာ ဆွေးမျိုးဆိုလို့ သူမရဲ့ အသက်90 အရွယ်မိခင်ကြီးရယ် နဲ့ Kunming မြို့မှာ အလုပ်လုပ်ကိုင်နေခဲ့တဲ့ သူမရဲ့သားတစ်ယောက်သာ ရှိပါတယ် ။ သူမရဲ့မိခင်မှာ အသက်ကြီးလွန်းနေပြီး ၊ သားဖြစ်သူဟာလည်း အိမ်ပြန်လာဖို့ မအားလပ်ခဲ့တဲ့အတွက် သူမတစ်ယောက်တည်း စားသောက်ဆိုင်ကို သွားပြီး သူမရဲ့မွေးနေ့ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ် ။

စားသောက်ဆိုင်လည်းရောက်ရော သူမဟာ ဟင်းပွဲနှစ်ပွဲမှာယူပြီးနောက် သူမယူလာခဲ့တဲ့ မွေးနေ့ကိတ်လေးကို ထုတ်ပြီးတစ်ယောက်ထဲ မွေးနေ့ပွဲကျင်းပခဲ့ပါတယ် ။ သူမရဲ့ခင်ပွန်းဖြစ်သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 30 ခန့်ကတည်းက သေဆုံးသွားခဲ့ရတာဖြစ်ပြီး သူမရဲ့သားလေး အသက် 6နှစ်ကတည်းက သူမတစ်ယောက်တည်းကျွေးမွေးပြီး ပြုစုရုန်ကန်ခဲ့ရတာဖြစ်ပါတယ် ။

သူမရဲ့ သားလေးအတွက် video အတိုလေးပို့ပေးချင်လို့ဆိုပြီး စားပွဲထိုးတစ်ယောက်ကို video ရိုက်ကူးစေပြီးနောက် ” ဒါက နင့်အမေရဲ့ အသက်60 ကျော် နောက်ဆုံးမွေးနေ့ပဲ ၊ အမေ့ မွေးနေ့မှာ သားလေးလည်းရှိဖို့ အမေအတော်လေး မျှော်လင့်ထားမိတယ် ၊ သားကို အရမ်းသတိရတယ် ၊ နောက်နှစ် အမေ့ရဲ့ အသက် 70 ပြည့်မွေးနေ့ကျရင် သားလည်းအတူရှိနေဖို့ အမေမျှော်လင့်မိတယ် ” ဆိုပြီး သားလေးအတွက် ပြောဆိုခဲ့ပါတယ် ။

အန်တီ Wang ရဲ့စကားကြောင့် ဘေးဖက်စားပွဲဝိုင်းမှာထိုင်နေခဲ့တဲ့ ကောင်လေးဟာ မျက်ရည်မဆည်နိုင်တော့ဘဲ စားသောက်ပြီးနောက် ပိုက်ဆံရှင်းဖို့ ကောင်တာဆီသို့ သွားရောက်ခဲ့ပြီး အန်တီ Wang အတွက်ပါ ငွေရှင်းပေခဲ့ပါတယ် ။ ထို့နောက် အန်တီ Wang ဆီသို့သွားပြီး ” Happy Birthday ပါအန်တီ နေကောင်းကျန်းမာဖို့ ကျွန်တော်ဆုတောင်းပေးပါတယ် ” ဆိုပြီး သွားရောက်ပြောဆိုခဲ့ပါသေးတယ် ။

ဆိုင်ရှင်က အန်တီ Wang အတွက် ပိုက်ဆံမရှင်ပေးဖို့ ၊ ဆိုင်ဖက်က Free အနေနဲ့ ကျွေးမွေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့လည်း ကောင်လေးက လက်မခံဘဲ ငွေရှင်းပေးခဲ့ပါတယ် ။ ဆိုင်ရှင်ကို ပြန်မပြောပြဖို့မှာထားပေမဲ့လည်း ဆိုင်ရှင်ကမနေနိုင်ဘဲ အန်တီWang ကိုပြောပြခဲ့တဲ့အတွက် အန်တီ Wang က ကောင်လေးကို ငွေပြန်ပေးဖို့ကြိုးစားခဲ့ပါတယ် ။

သို့ပေမဲ့လည်း ကောင်လေးဟာ လက်မခံဘဲ နောက်နှစ်မွေးနေ့ကျရင် အန်တီ Wang ရဲ့သားဖြစ်သူမှာ အတူတူရှိနေမှာသေချာကြောင်း ပြောဆိုခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို အန်တီ Wang က သူမရဲ့သားဖြစ်သူကို ပြောပြခဲ့ချိန်မှာတော့ သားဖြစ်သူဟာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ” ကျွန်တော် လုပ်ပေးသင့်တဲ့ အရာတစ်ခုကို အခြားတစ်ယောက်က ကိုယ်စားလုပ်ပေးခဲ့တဲ့အတွက် သူ့ကိုအတော်လေး ကျေးဇူးတင်မိကြောင်း” သားဖြစ်သူက ပြန်လည်ဖြေကြားခဲ့ပါတယ် ။

အန်တီ Wang ဟာ သူမရဲ့ယခုနှစ်မွေးနေ့ဟာ အတော်လေး အထီးကျန်ခဲ့ပေမဲ့လည်း ကောင်လေးရဲ့လုပ်ရပ်ကြောင့် လုံးဝမမေ့နိုင်လောက်အောင် အဓိပ္ပာယ်ပြည့်စုံသွားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို social media ပေါ်ဝေမျှခဲ့ချိန်မှာတော့ လူအများစုက မိဘတွေကိုမပစ်ထားသင့်ကြောင်း နှင့် မိဘတွေကို မကြာခဏသွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း မျိုးစုံးရေးသားခဲ့ကြပြီး အန်တီ Wang အတွက်လည်း မွေးနေ့ဆုတောင်စကားများ ပို့ခဲ့ကြပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*