သားဦး သားနှောင်း မယူကောင်း ယူကောင်း

သားဦး သားနှောင်း မယူကောင်း ယူကောင်း (လက်ထပ်မင်္ဂလာပြုမယ့် မြန်မာ အမျိုးကောင်း သားသမီးများအတွက် အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါ)

” ဦးဇော် ရှိသလားဗျို့ ”

အော်ဟစ် အသံပေး၍ ဝင်ရောက်လာသူမှာ မောင်သန့်ဇင်ထွန်းဖြစ်သည်။

”သြော်… မောင်သန့် ဇင်ထွန်း ပါလား။ အိမ်ကို အလည်မလာတာတောင် အတော်ကြာသွားပြီနော်။ ဒါနဲ့စီးပွားရေး လုပ်ငန်းရော အဆင်ပြေ ရဲ့လား။

”ဟုတ်ကဲ့။ စီးပွားရေးလုပ်ငန်း ကတော့ အဆင် ပြေပါတယ်။ ဒါပေမဲ့ အဆင်မပြေတာ လေးတစ်ခု ရှိနေလို့။” မောင်သန့်ဇင်ထွန်းက ရယ်၍ပြောသည်။

”မင်း ဒါပေမဲ့က ဘာလဲဟ၊ ပြောပြစမ်းပါအုံး။

” ဒီလိုဦးဇော်ရေ၊ ကျွန်တော်နဲ့ မိန်းကလေး တစ်ယောက် လူငယ်တွေ သဘာဝ မေတ္တာမျှနေတယ်။ အဲဒါဒုက္ခ အကြီးအကျယ် တွေ့နေတယ် ဆိုပါတော့ဗျာ။

” ဘယ်လို ဒုက္ခမျိုး ရောက်နေတာလဲကွ

” ကျွန်တော့် မိသားစုထဲမှာ ကျွန်တော်က အငယ်ဆုံး မဟုတ်လား။ အဲ .. ကျွန်တော့်ချစ်သူ ကတော့ သူတို့ မိသားစု ထဲမှာ အကြီးဆုံးလေ။ အဲဒီတော့ သားဦးနဲ့ သားနှောင်းဖြစ် မနေဘူးလား

” အင်း … လုပ်စမ်းပါအုံး ။ အဲဒါနဲ့ ဘာဆိုင်လို့ လဲ ။

” ဆိုင်တာပေါ့ဗျာ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကပြောတယ်။ သားဦး သားနှောင်းမယူ ကောင်းဘူးတဲ့။ ယူရင် ဇနီးမောင်နှံ ကွဲတတ်တယ်တဲ့ ။ မကွဲဘူးဆိုရင်လဲ စီးပွားရေး မဖြစ်ထွန်းဘူး တဲ့။ အဲဒါကြောင့် ကျွန်တော့် အနေနဲ့ လက်ထပ်ဖို့ ခက်နေတယ်။ ဒုက္ခ အကြီးအကျယ် တွေ့နေတယ် ဆိုပါတော့ ဗျာ။

” အယူသီးတာတွေ ကြုံ့နေရတဲ့ ဒုက္ခမျျိုးတွေပေါ့ …. ဘုရားဟော ကျမ်းဂန်တွေ ထဲမှာ သားဦး သားနှောင်း မယူကောင်းလို့ မပါပါဘူး။ လြူကီးချင်းရော အဆင်ပြေရဲ့လား။

” လူကြီးချင်း ကတော့ အဆင်ပြေ ပါတယ်။

” လူငယ်ချင်းလဲ မေတ္တာမျှ ၊ လူကြီးချင်းလဲ အဆင် ပြေပါလျက်နဲ့ သားဦးသားနှောင်း ဖြစ်လို့ မယူလိုက်ဘူး ဆိုရင် မိုက်မဲရာ ကျတာ ပေါ့ကွာ။

” သေသေချာချာ စဉ်းစားပါအုံး ။ တို့ရွာက ဦးမြင့်မောင်ကို မင်းသိတယ် မဟုတ်လား။ အဲဒီ ဦးမြင့်မောင်က ဘုန်းကြီး လူထွက်ကွ ။ စာချတန်း (ဓမ္မာစရိယ) ရောက်တဲ့အထိ စာတွေသင်ခဲ့ဖူး တယ် ။ ရဟန်းဘောင်မှာ ငြီးငွေ့လို လူထွက်လိုက် တာလေလေ ။ လူထွက်ပြီးတဲ့နောက် သုံးနှစ်လောက် ကြာတဲ့ အခါမှာ တို့ရွာ အနောက်ပိုင်းက အမျိုးသမီး တစ်ယောက်နဲ့ မေတ္တာမျှကြတယ်။

” ဦးမြင့်မောင်က အကြီးဆုံးသား။ ဦးမြင့်မောင် နဲ့ကြိုက်တဲ့ အမျိုးသမီးက အငယ်ဆုံး သမီး ။ အဲ … သားဦးသားနှောင်း ဖြစ်နေပေမယ့် ဦးမြင့်မောင်က ဘုန်းကြီးလူထွက် ဆိုတော့ အယူသီးတာတွေ လက်မခံဘူး။ နောက်ဆုံးမှာ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြတယ်။။

”အခုဆိုရင် သူတို့သားလေးတောင် တော်တော် အရွယ်ရောက်နေပြီ။ စီးပွားရေးလဲ အရင်ကထက် ပိုပြီး ဖြစ်ထွန်းလာတယ။် ဒါကြောင့် မင်းလဲ အယူမသီးစေချင်ဘူး။ သေသေချာချာ စဉ်းစားပေါ့ကွာ။” စာရေးသူ အနေဖြင့် မောင်သန့်ဇင်ထွန်းကို အယူမသီးရန် အကျိုးအကြောင်းပြောပြ နားချခဲ့ရသည်။

” မောင်သန့်ဇင်ထွန်းရေ .. သားဦးသားနှောင်း ဆိုတဲ့ သဘောက ဒီလိုကွဲ့။ မိသားစုတိုင်းမှာ သားဦး၊ သမီးဦးမွေးလာရင် ချစ်တဲ့ စိတ်နဲ့ အလိုလိုက်၊ လိုအပ်တာ ဖြည့်ဆည်း ပေးကြတယ် မဟုတ်လား။ သားနှောင်းလို့ ခေါ်တဲ့ အငယ်ဆုံး သားသမီးကိုလဲ ဒီလိုပဲကွဲ့။ အငယ်ဆုံးလေး၊ အထွေးဆုံးလေးနဲ့ အလိုလိုက် အချစ်ပို ကြတာ ပေါ့ကွယ် ။ အဲဒီလို အလိုလိုက်ခံရတဲ့ သားဦး၊ သားနှောင်း ပေါင်းဖက်ရင် မိဘတွေ အပေါ် နွဲ့ဆိုး ဆိုးချင်တိုင်း ဆိုးသလို ဖြစ်နေရင် အိမ်ထောင်ရေး မသာယာ တကျက်ကျက်ရန်ဖြစ် နေမှာစိုးလို့ပါ ကွယ် ”

စာရေးသူ ရှင်းပြသည်ကို မောင်သန့်ဇင်ထွန်း နားလည် သဘောပေါက် သွားပုံရသည်။ သူ့ အိမ်ထောင်ရေးအတွက် လည်း ဆုံးမစကား ပြောမိသလို ဖြစ်သွားသည့် အတွက် စာရေးသူ သည်လည်း ကျေနပ် ပီတိ ဖြစ်မိသည် ။

စာရေးသူတို့ မြန်မာနိုင်ငံ တွင် လက်ထပ်မင်္ဂလာ ပြုခြင်းနှင့် ပတ်သက်၍ အယူသီးမှုများစွာ ရှိသည် ။ ဥပမာဆိုရသော် ဦး-သာ၊ စိန်-ပန်း၊ ဒန်း-လှ၊ ကို-ရှာ ဟူသော စကားအရ တနင်္ဂနွေနှင့် သောကြာ၊ အဂါၤနှင့် ကြာသပတေး၊ စနေနှင့် ဗုဒ္ဓဟူး၊ တနင်္လာနှင့် ဗုဒ္ဓဟူး သားသမီးများသည် အိမ်ထောင်ဖက် အဖြစ် ရွေးချယ် အချက်များကို မလိုက်နာကြတော့ဘဲ အယူသီး မှုများ နောက်သို့သာ လိုက်ပါနေကြတော့သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အယူမသီး ကြစေရန် နမ္မား ဆရာတော်ကြီး၏ ” သစ္စာသုံးခိုင် နိဗ္ဗာန်တိုင် ” တရားတော်ကို အနည်းငယ် ထုတ်နုတ်တင် ပြပါမည်။

” ရက်ရာဇာနေ့မှာ ငရုတ်သီးစားရင် မစပ်ဘူးလား။

” စပ်ပါတယ်ဘုရား။

” ရက်ရာဇာနေ့မှာ လုပ်သော အကုသိုလ်သည် မကောင်းကျိုးကို မပေးဘဲ နေပါ့မလား။

” မနေပါဘုရား။

” ကံမကောင်းသော သူသည် ရက်ရာဇာနေ့မှာ အိမ်တိုင်ထူခြင်းကြောင့် ချမ်းသာပါ့မလား။ ”

” မချမ်းသာပါ ဘုရား ။

” မောင်စိန်တို့ရွာ အိမ်ခြေ ဘယ်လောက်ရှိလဲ ။

” တစ်ရာရှိပါတယ်ဘုရား။

” အဲဒီအိမ်ခြေ တစ်ရာမှာ ရက်မရွေးဘဲ ဆောက်တဲ့ အိမ်ရှိပါရဲ့လား။

” မပါပါဘုရား

” ရက်ရွေးပြီးဆောက်တဲ့ အိမ်တွေဟာ ချမ်းသာတဲ့ အိမ်တွေချည်း ပဲလား။

” မွဲတဲ့အိမ်တွေပဲ များပါတယ်ဘုရား။

” ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျုးိပေး နိုင်သေးရဲ့လား။

” မပေးနိုင်ပါ ဘုရား။ ” ရက်မရွေးဘဲ မင်္ဂလာဆောင် တဲ့ ဇနီးမောင်နှံရှိရဲ့လား။

” မရှိပါဘုရား။”

” ဇနီးမောင်နှံတိုင်း မကွဲမကွာဘဲနဲ့ ချမ်းသာတာချည်း ပဲလား။

” မဟုတ်ပါဘုရား။

” ရက်ကောင်းတွေကို အားကိုးရတာ အလကားပေါ့။

” အလကားပါဘုရား။

” ကုသိုလ်ကို အားကိုးမှ ဗုဒ္ဓဘာသာကွဲ့ မောင်စိန်ရဲ့။

” ”မှန်ပါဘုရား။

နမ္မား ဆရာတောြ်ကးီ၏ တရားတော်ကို နှလုံးမူပြီး အရာရာတွင် ဝိဘဇ္ဇဉာဏ်ဖြင့် ဆင်ခြင်နိုင်ကြစေရန် ရည်ရွယ်၍ တင်ပြလိုက် ရပါသည်။

ရတနာပုံ သတင်းစာမှ စာရေးဆရာ ဇော်ဦး (မြန်မာစာ) ရဲ့ ဆောင်းပါးလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ … ကျွန်တော်တို့ မြန်မာ လူမျိုးများရဲ့ အယူသီးမှုတွေကို တင်ဆက်ထားတဲ့ ဆောင်းပါးလေးဖြစ်လို့ … ကျွန်တော် Facebook မှာ တင်ဆက်ပေးထားခြင်းဖြစ်ပါတယ် ။ အရမ်းကောင်းတဲ့ ဆောင်းပါးလေး … ဖြစ်လို့ ပြန်လည် တင်ဆက် လိုက်တာကို ခွင့်လွှတ်ပါခင်ဗျာ ….

(ဆရာဆောင်းပါးလေးကို မဖတ်လိုက်ရတဲ့ လူတွေ … အယူသီးနေတဲ့လူတွေ ဖတ်နိုင်အောင် တင်ဆက် ပေးထားခြင်း ဖြစ်ပါတယ် ခင်ဗျာ ..)

ပုဂံ ပြည်သား။

မြန်မာတို့ သိသင့်တဲ့ သမိုင်းထဲကဗမာ့ ။ ။

ဇော်ဦး (မြန်မာစာ)

Be the first to comment

Leave a Reply

Your email address will not be published.


*