အမြန်လမ်းမကြီးပေါ်က ဘယ်သူကမှမလုပ်ချင်လို့ ရှောင်ဖယ်နေတဲ့အရာကို တွပ်ကပ်ခြင်းမရှိဘဲ ပြုလုပ်ပေးခဲ့တဲ့အမျိုးသား(ရုပ်သံ)

လမ်းမကြီးပေါ်မှ စတီးချောင်းတွေနဲ့ခေါက်စားပွဲခုံကဲ့သို့သောအရာဟာ ပြုတ်ကျကျန်ရစ်ခဲ့လို့ ဖြတ်သွားဖြတ်လာကားတွေကို ပွတ်မိခြစ်မိနိုင်သည့်အပြင် ၊ ယာဉ်အန္တရာယ်များကို ဖြစ်စေတတ်ပါတယ် ။သို့ပေမဲ့လည်း ဖြတ်သွားဖြတ်လာယာဉ်အများစုက အဆိုပါအရာကိုရှောင်ဖယ်ပြီး မောင်းနှင်နေခဲ့ကြပေမဲ့လည်း ၊ ကားအဖြူတစ်စီနှင့်အမျိုးသားတစ်ယောက်မှာတော့ အဆိုပါအရာကိုမျက်ကွယ်မပြုနိုင်ဘဲ အန္တရာယ်များလွန်းတဲ့ကြားက လမ်းမပေါ်ကနေဖယ်ထုတ်ပေးဖို့ လုပ်ဆောင်ပေးခဲ့သော video တစ်ခုကို ပြီးခဲ့တဲ့ December 1 ရက်နေ့က Facebook စာမျက်နှာတစ်ခုက ဝေမျှပေးခဲ့ပါတယ် ။

အဆိုပါ လူလတ်ပိုင်းအရွယ်အမျိုးသားဟာ သူ၏ကားကို လမ်းမဘေးသို့ ထိုးရပ်လိုက်ပြီးနောက် ကားပေါ်ကနေအမြန်ဆင်းပြေးကာ ဖြတ်မောင်းနေကြတဲ့ ကားတွေကို အချိန်လျော့ပေးဖို့ လက်ရပ်တားပြီးနောက် ၊ အဆိုပါပစ္စည်းရှိရာသို့ အလျင်အမြန်ပြေးသွားပြီး မတင်ကာ လမ်းဘေးဆီသို့ပြန်လည်ယူဆောင်ပြီး လမ်းဘေးအပြင်ဖက်သို့ဖယ်ထုတ်ပေးခဲ့ပါတယ် ။ အဆိုပါလုပ်ရပ်မျိုး ပြုလုပ်ပေးနေတုန်း အချို့သောကားများဟာ အရှိန်လျော့ပေးခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး ။

အဆိုပါ video ကို မှတ်တမ်းတင်ရိုက်ကူးပေးနေခဲ့တဲ့ လမ်းမကြီးအပေါ်ဖက်တံတားပေါ်က အမျိုးသားတစ်ယောက်မှာတော့ ” ကျေးဇူးပါ အစ်ကို ၊ ကျေးဇူးအရမ်းတင်ပါတယ် ” ဆိုပြီးတော့ အဆိုပါအမျိုးသား၏လုပ်ရပ်ကို ချီးကျူ းခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*