မုန်တိုင်းကြောင့် သစ်ပင်တွေလဲကျ ၊ ကျိုးကျနေပေမဲ့လည်း ဗိုက်ဆာလွန်းလို့ အစားမပျက် ဘားမှဂရုမစိုက်နိုင်ဖြစ်နေခဲ့တဲ့ အမျိုးသား (ရုပ်သံ)

မိုးဘယ်လောက်ကြီးကြီး ၊ မုန်တိုင်းဘယ်လောက်ကြမ်းကြမ်း ဗိုက်တအားဆာနေတယ်ဆိုရင်တော့ ဘားမှဂရုမစိုက်ဘဲ ထမင်းပဲဆက်စားနေမိကြမှာပါ ။ Syahmi အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်မှာလည်း မုန်တိုု်င်းတွေကြားထဲမှာ အစားအသောက်မပျက် အငမ်းမရစားနေခဲ့တဲ့ သူ၏သူငယ်ချင်းတွေရဲ့ video တစ်ခုကို ဝေမျှပေးခဲ့ပါတယ် ။

သူငယ်ချင်းဖြစ်သူမှာတော့ သူ၏အနောက်ဖက်မှ သစ်ပင်တွေကျိုကျနေခဲ့ပေမဲ့ နည်းနည်းလေးမှတောင် နေရာမရွေ့ဘဲ တည်တည်ငြိမ်ငြိမ်စားသောက်နေခဲ့တာပါ ။ ထို့အပြင် ဘေးဖက်မှာ အတူတူထိုင်စားနေခဲ့တဲ့ သူငယ်ချင်းဖြစ်သူမှာလည်း အစားမပျက်ခဲ့ပါဘူး ။

Syahmi ၏ပြောပြချက်အရ ၎င်းအချိန်တုန်းက သစ်ပင်တွေ 3ပင်ခန့်ကျိုးကျခဲ့ကြောင်းကို ” အမှန်တကယ်တော့ သစ်ပင်တွေ 3-4 ပင်ခန့်ကျိုးကျပြီးပါပြီ ၊ video ရိုက်တဲ့အချိန်လည်း သစ်ပင်တစ်ပင်ကျိုးကျခဲ့ပါသေးတယ် ၊ ကျွန်တော်တို့ နည်းနည်းလေးတောင် မအံ့သြတော့ပါဘူး ၊ hahahaha ကျွန်တော့်သူငယ်ချင်းတွေက အတော်လေးကိုဗိုက်ဆာနေကြလို့လေ ” ဆိုပြီးတော့ ရေးသားခဲ့ပါသေးတယ် ။

သူငယ်ချင်းဖြစ်သူ စားသောက်နေတဲ့ ရုပ်ပုံကို အချို့သောကြည့်ရှုသူတွေကပါ meme ရုပ်ပုံအနေနဲ့ နောက်ပြောင်မှုများပြုလုပ်ခဲ့ကြပါသေးတယ် ။ အဆိုပါ video ဟာ အမှန်တကယ်တော့ 2018 ခုနှစ်ကတည်းက ရုပ်ကူးထားခဲ့တဲ့ video ဖြစ်ပေမဲ့ အခြားသူငယ်ချင်းတွေရဲ့နောက်ပြောင်မှုကြောင့် Twitter ပေါ်မှာ ပြန်လည်ရေပန်းစားနေခဲ့တာဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*