
Clarie Hulse ဆိုတဲ့ကောင်မလေးဟာ သူမချစ်သူနဲ့လီဗာပူးလ်မြို့မှာ လမ်းလျှောက်ထွက်နေတုန်း ရုတ်တ ရက် ဖုတ်ကောင် ၅၀ က ဝိုင်းအုံလာပါတယ်။ Clarie နဲ့Brian Tollady တို့စုံတွဲဟာ ဟောလီးဝုဒ် ရုပ်ရှင် ကား Dawn of the Dead ထဲက ဇာတ်ဝင်ခန်းလို လီဗာပူးလ်မြို့ရဲ့ မာဆေးမြစ်တစ်လျှောက် ဖုတ်ကောင်တွေ လိုက်ခံနေရပါပြီ။
ဒါပေမယ့် ဒါဟာ အသက် ၃၄ နှစ်အရွယ် လက်တွဲဖော် Brian Tollady ရဲ့ ဆန်းသစ်တဲ့အကြံအစည်ပါ။ Brain ဟာ ဖုတ်ကောင်တွေ သူတို့ကို ကိုက်စားဖို့လိုက်နေရင်းနဲ့ချက်ချင်းဆိုသလို ဒူးတစ်ဖက် ကို ထောက်လိုက်ပြီး Clarie ကို လက်ထပ်ခွင့်တောင်းဆိုလိုက်ပါတယ်။
သည်းထိတ်ရင်ဖိုရုပ်ရှင်ကားတွေရဲ့ ပရိတ်သတ် Clarie ကတော့ Brain ရဲ့ တစ်မူထူးခြားတဲ့ လက်ထပ် ခွင့်တောင်းခံတဲ့ပုံစံကြောင့် ကျေနပ်ပျော်ရွင်နေပါတယ်။ သူမက လက်ထပ်ခွင့်ကို လက်ခံခဲ့ပြီးနောက် ‘ သူ့ဦးနှောက်တွေကို ဖောက်စားမယ်” လို့ပြန်ပြောလိုက်ပါတယ်။
Brian ဟာ ရေနံချက်စက်ရုံက စက်ပညာရှင်တစ်ယောက်ဖြစ်ပြီး အခုလို အားလုံးနေသားတကျ အဆင်ပြေခဲ့ တဲ့ အတွက် အရမ်းကျေနပ်မိတယ်လို့ပြောခဲ့ပါတယ်။
“ Clarie က သိပ်မပျော်ခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ သူ့အခြေအနေက ဖုတ်ကောင်တွေကြားမှာလေ။ ဒါပေမယ့် သူမ ‘ဟုတ်’ လို့ပြောခဲ့တယ်” လို့Brain က ပြန်ပြောပြပါတယ်။
သူတို့စုံတွဲဟာ နိုက်ကလပ်တစ်ခုမှာ စတင်ဆုံတွေ့ခဲ့ပြီး ရှစ်နှစ်ကြာ အတူချစ်ကြိုက်ခဲ့ကာ သူတို့ပထမဆုံး ချိန်းတွေ့တာက သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်း ‘Underworld’ ကို သွားကြည့်ကြတာပါ။
“ ကျွန်မ တော်တော် လန့်သွားပြီး တွေဝေသွားတယ်။ ဘာတွေဖြစ်နေပါလဲလို့ကျွန်မတကယ် အံ့အား သင့်နေ ခဲ့တာ”
“ ဒီလက်ထပ်ခွင့်တောင်းခံတာကို ကျွန်မ တော်တော်သဘောကျမိတယ်၊ ကျွန်မကလည်း ဖုတ်ကောင်တွေ ကို ကြိုက်တယ်လေ။ မွေးနေ့ကလည်း အောက်တိုဘာ ။ဟောလိုးဝင်းကိုလည်း အမြဲသဘောကျခဲ့တဲ့ သူပေ့ါ” လို့ Claire က ပြောပြခဲ့ပါတယ်။
“ ကျွန်မအကြိုက်ဆုံးဇာတ်ကားတွေကတော့ Dawn of the Dead နဲ့28 Days Later တွေလေ။ ကျွန်မ Brian ကို ချစ်တယ်။ သူလုပ်ခဲ့တဲ့အရာအတွက် သူ့ဦးနှောက်ကို ကျွန်မ ဖောက်စားရလိမ့်မယ်” လို့သူမ က ဟာသနှော ပြောခဲ့ပါတယ်။
Brian ဟာ အနက်ရောင်စိန်ပွင့်မှာ ရွှေဖြူကွပ်ထားပြီး အရိုးခေါင်းလေးခုဝိုင်းထားတဲ့ လက်စွပ်နဲ့Claire ကို လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။
Leave a Reply