ချစ်သူကို တွေ့သမျှလူတိုင်းကဆဲချင်လာအောင် မှတ်သားလောက်တဲ့နည်းလမ်းနဲ့ လမ်းခွဲခဲ့တဲ့ မိန်းကလေး(ရုပ်သံ)

ချစ်သူနဲ့လမ်းခွဲကြတဲ့ နည်းလမ်း ၊ အခြေအနေတွေ မျိုးစုံရှိကြပေမဲ့လည်း ဒီတစ်ခေါက်ကတော့ Drama ဆန်ဆန်လမ်းခွဲခဲ့ကြလို့ တရုတ်ဆိုရှယ်မီဒီယာအကြား အတော်လေးကို လူပြောများနေလျက်ရှိပါတယ် ။ ပြီးခဲ့တဲ့ November 23ရက်နေ့က တရုတ်နိုင်ငံ ၊ Taizhou မြို့ရဲ့လမ်းပေါ်မှာ မောင်းနှင်နေခဲ့တဲ့အဖြူရောင် Hyundai Creta ကားပေါ်မှာရေးသားထားခဲ့တဲ့အနီရောင်စာလုံးကြီးတွေဟာ ဒေသခံတွေကိုအတော်လေး အံ့သြစေခဲ့ပါတယ် ။

အဲတာကတော့ ကားရဲ့တစ်ဖက်မှာ ” ကျွန်မအချစ်ဆုံး ကောင်လေး ” ၊ ကားအနောက်ဖက်မှာတော့ “ကျွန်မထားခဲ့လိုက်ပြီ ” ၊ ထို့အပြင် ကားရဲ့အခြားတစ်ဖက်မှာတော့ ” 7 နှစ်လုံးလုံး ကျွန်မကိုစိတ်ပျက်စေခဲ့တဲ့အတွက် ထားခဲ့လိုက်ပြီ ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

အဆိုပါ စာသားကြောင့် လူအများက အဆိုပါကားပိုင်ရှင်ရဲ့ ရည်းစားဟောင်းကရေးသားထားခဲ့ကြတာဖြစ်ကြောင်း သုံးသပ်ခဲ့ကြတဲ့အပြင် ကောင်မလေးရဲ့ငယ်ရွယ်နုပျိုချိန် 7နှစ်လုံးလုံးကို အချိန်ဖြုန်းပစ်ခဲ့တဲ့သူ ဆိုပြီး အဆိုပါအမျိုးသားကို မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း ကားပိုင်ရှင်အမျိုးသားက အဆိုပါအဖြစ်အပျက်ကို ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ အဲတာကတော့ ” ကျွန်တော်ကားကို အိမ်အပြင်ဖက် ကားပါကင်မှာထိုးထားခဲ့ပါတယ် ၊ မနက်ရောက်တော့မှ ကားကအခုလိုဖြစ်နေတာကိုတွေ့ခဲ့ရတာပါ ၊ သူမရဲ့ 7နှစ်လုံးလုံး အချိန်ကို ကျွန်တော်ဖြုန်းခဲ့မိလို့ ကျွန်တော့်ကိုခင်ဗျားတို့အကုန်လုံးက ဆူဆဲနေကြတယ် ၊ အဲ့ဆို ယောင်္ကျားတွေရဲ့အချိန်ကကော တန်ဖိုးမရှိလို့လား ” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

ထို့အပြင် ၎င်းတို့စုံတွဲရဲ့ မူလအစီအစဉ်က 7နှစ်ပြည့်ရင် လက်ထပ်ကြဖို့ပါ ။ သို့ပေမဲ့လည်း သတို့သမီး တင်တောင်းစရိတ် ၊ မင်္ဂလာဆောင်စရိတ်တွေ ၊ အခြားသောအသုံးစရိတ်တွေအတွက် မသက်နိုင်တဲ့အဆုံး ယခုကဲ့သို့ လမ်းခွဲခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ယခုကိစ္စမှာ ” ကျွန်တော်အပြစ်တင်ရမယ့်သူက ကျွန်တော်ကိုယ်တိုင်ပါပဲ ၊ သူမကိုလက်ထပ်ဖို့ ငွေအလုံအလောက်မရှာနိုင်ခဲ့တဲ့ ညံ့ဖျင်းလွန်းတဲ့ ယောကျာၤးမလို့ပါ” ဆိုပြီး video မှာပြောဆိုခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*