အိပ်ပျော်နေတဲ့အချိန်မှာ တချို.လူတွေဟာ ဒီလိုထူးထူးဆန်းဆန်းလုပ်ရပ်မျိုး လုပ်တတ်ကြသတဲ့

အိပ်ပျော်နေတုန်း လမ်းထလျှောက်တာတော့ ကိုယ်တွေကြားဖူးပေမဲ့ အိပ်ပျော်နေတုန်း ကားမောင်းတာတို့၊အိပ်ပျော်နေတုန်း လူသတ်တာတို့ဆိုတာတွေတော့ ကြားဖူးမယ်မထင်ပါဘူး။လေ့လာချက်တွေအရ လူတစ်ချို့ဟာ အိပ်ပျော်နေတုန်း ဒီလိုထူးဆန်းပြီးကြောက်စရာကောင်းတဲ့လုပ်ရပ်တွေကို လုပ်လေ့ရှိကြပါတယ်တဲ့။

*လပေါင်းများစွာအိပ်ပျော်သွားခြင်း


ထူးထူးဆန်းဆန်းပါပဲ။အပြင်လောကမှာပါ sleeping beauty ရှိနေတတ်ပါတယ်။Kleine Levin Syndrome ဆိုတဲ့ဝေဒနာခံစားရသူတွေဟာ တစ်ပတ် ဒါမှမဟုတ် ရက်ပေါင်းများစွာအိပ်ပျော်သွားတတ်ပါတယ်။၈လလောက်ဆက်တိုက်အိပ်ပျော်သွားတဲ့သူတောင်ရှိခဲ့ဖူးတယ်လို့သိရပါတယ်။

*အနုပညာဖန်တီးခြင်း


မသိစိတ်ရဲ့ဖန်တီးမှုအနုပညာဟာ အိပ်စက်နေတဲ့အချိန်မှာထွက်ပေါ်လာတတ်ပါတယ်။Lee Hadwin ဆိုတဲ့လူဟာ အသက် ၄နှစ်အရွယ်တည်းက အိပ်ပျော်နေရင်းအနုပညာဖန်တီးလာခဲ့တာလို့သိရပါတယ်။ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ သူက သူနာပြုတစ်ယောက်ပါ။ဒါ့အပြင်သူဟာ လှုပ်ရှားသွားလာနေချိန်မှာဆို ပန်းချီဆွဲတာ၊ပုံဆွဲတာကိုနည်းနည်းမှစိတ်မဝင်စားပါဘူးတဲ့။

*အိပ်ပျော်နေတုန်း ကားမောင်းခြင်း


အိပ်ပျော်နေတုန်း တကယ်ကြီးကားထွက်မောင်းတဲ့သူတွေရှိတတ်ပါတယ်။အိပ်ပျော်နေပေမဲ့ တစ်နေရာရာကိုသွားရမယ်လို့စိတ်ထဲစွဲနေရင် အိပ်ပျော်နေတဲ့အချိန်မှာပဲ တကယ်လက်တွေ့ကားစက်နှိုးပြီးထွက်သွားကြတာပါ။ဒါပေမဲ့ မသိစိတ်ကမောင်းတာဖြစ်လို့ လမ်းကြောင်းလည်းမှားယွင်းကာယာဉ်မတော်တဆမှုတွေပါဖြစ်သွားကြကြောင်းသိရပါတယ်။

*အိပ်ပျော်နေတုန်း လူသတ်ခြင်း


ကြောက်စရာပါပဲ။Joseph Mitchell ဆိုတဲ့ အမျိုးသားဟာ ၂၀၁၅ တုန်းက သူ့ရဲ့လေးနှစ်အရွယ်သားလေးကိုသတ်ပစ်ခဲ့ဖူးပြီး နောက်ထပ်ကလေးနှစ်ယောက်ကိုပါသတ်ပစ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။အိပ်ပျော်နေတုန်း လမ်းထလျှောက်ပြီး လူသတ်ခဲ့တာပဲဖြစ်ပါတယ်။လေ့လာချက်တွေအရ အိပ်ပျော်နေတုန်း မသိစိတ်ကနေလူသတ်ဖို့ကြိုးစားကြတဲ့ဖြစ်ရပ်ဟာ ၆၈ ခုထက်မနည်းရှိနေတာ တွေ့ခဲ့ရပါတယ်။

*အိပ်ပျော်နေတုန်း မေးလ်ပို့ခြင်း


အရက်မူးပြီးဖုန်းခေါ်တာတော့ကြားဖူးပေမဲ့ အိပ်ပျော်နေတုန်းယောင်ပြီးအီးမေးလ်ပို့တာတော့ တကယ်ရှားပါတယ်။ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ကတော့ အိပ်နေရင်းယောင်ပြီးသူငယ်ချင်းဖြစ်သူတွေကို ပါတီပွဲဖိတ်စာပို့ခဲ့ပါတယ်တဲ့။နိုးလာတဲ့အချိန်မှာတော့ သူ့ဆီကို ပြန်စာသုံးစောင်တောင်ရောက်နေတာတွေ့လိုက်ရပါတယ်။သူက အဲ့ဒီမေးလ်ပို့ခဲ့မိမှန်းတောင် သူ့ကိုယ်သူမသိခဲ့ပါဘူး။

*ယောင်ပြီး ပြတင်းပေါက်က ခုန်ချခြင်း


၂၀၀၇ တုန်းက ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ အိပ်ပျော်နေတုန်းယောင်ပြီး ပေ ၃၀အမြင့်ပြတင်းပေါက်ကနေ ခုန်ချခဲ့ဖူးပါတယ်။ဒါပေမဲ့ သူကိုယ်တိုင်က ခုန်ချသွားတာကို မသိသလို လမ်းဘေးမှာတောင်ပြန်ပြီးအိပ်နေခဲ့တယ်လို့သိရပါတယ်။နာမည်ကျော်ဟာသပညာရှင် Mike Birbiglia ဆိုရင်လည်း ဒီလိုအကျင့်မျိုးရှိသူတစ်ယောက်ပါ။သူက အိပ်ပျော်နေတုန်း ဟိုတယ်ပြတင်းပေါက်ကနေခုန်ချခဲ့ဖူးတယ်လို့ပြောပြခဲ့ဖူးပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*